ပျက်ကျခဲ့သည့် ပြင်သစ် လေယာဉ်၏ လေယာဉ်မှူး ရုပ်အလောင်း ရှာဖွေတွေ့ရှိ

alt

ပျက်ကျသွားသော ပြင်သစ် လေကြောင်းလိုင်း အမှတ်စဉ် (၄၄၇) မှ လေယာဉ်မှူး၏ ရုပ်အလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၅) ရက်နေ့က လေယာဉ်မှူးနှင့် ပျံသန်းရေး အမှုထမ်းတို့၏ အလောင်းနှစ်ခုကို ပြင်သစ် ရေတပ်က ဆယ်ယူနိုင်ခဲ့သည်။ အဆိုပါ လေယာဉ်အမှုထမ်း နှစ်ဦးအပါအဝင် ပြန်လည် ဆယ်ယူရရှိထားသော ရုပ်အလောင်းမှာ (၅၀)ကျော်မျှ ရှိနေပြီဖြစ်ကြောင်း ဘရာဇီး စစ်တပ်က အတည်ပြုခဲ့သည်။

ဇွန်လ(၁)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာထဲသို့ ပျက်ကျသွားသည့် လေယာဉ်နှင့်အတူ နိုင်ငံပေါင်း (၃၂)နိုင်ငံမှ လူဦးရေ (၂၂၈)ဦး သေဆုံးသွားခဲ့သည်။ ထိုလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို ယခုတိုင် တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးသလို လေယာဉ်၏ ဖြစ်ရပ် အဆင့်ဆင့်ကို မှတ်တမ်းတင်ထားသည့် သေတ္တာနက်အား ဆယ်ယူ ရရှိရေးမှာလည်း ရေအောက် အနက်ပေ (၁၂၀၀၀)ကျော်မျှ ရှိနေခြင်းကြောင့် ခက်ခဲသော အနေအထားများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိအချိန်တွင် ဘရာဇီး၊ ပြင်သစ်နှင့် အမေရိကန် ရေတပ်တို့သည် သေတ္တာနက်နှင့် ကျန်ရစ်သော ရုပ်အလောင်းများကို ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here