ဘလက်ဘန်း အသင်း အီဂျစ် ဒေးဗစ်ဘက်ဟမ်းကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေ

alt

ဘလက်ဘန်းရိုဗာ အသင်းသည် အီဂျစ်နိုင်ငံ ၏ ဒေးဗစ်ဘက်ခမ်း ဟု ကျော်ကြားနေသည့် ဘောလုံးသမားအား ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အသက်(၂၂) နှစ် အရွယ်ရှိ ညာတောင်ပံ တိုက်စစ်မှူး အာမက် အယ်မူဟာ မာဒီ ကလည်း ၎င်းသည် အင်္ဂလန် ပရီးမီးယား လိဂ်တွင် ကစားခွင့်ရရန် စိတ်ဝင်စားနေကြောင်း ပြောကြားထားသည်။ ဘလက်ဘန်း၏ ယခင် နည်းပြဟောင်း ပေါအင့်စ် လက်ထက်က မူဟာမာဒီအား အစမ်းသဘော လေ့လာရန် ခေါ်ယူ ခဲ့သေးသော်လည်း ပေါအင့်စ်အား ရာထူးမှ ထုတ်ပယ်ပြီးနောက် မူဟာမာဒီ နှင့် အပြီးသတ် စာချုပ်ရေး အစီအစဉ်မှာ ပျက်ပြယ် ခဲ့ရသည်။

သို့သော်လည်း အီးဝုပက်ခ် အခြေစိုက် အသင်းသည် ဖြတ်တင်ဘောများ ပေးပို့ရာတွင် ဘက်ခမ်းကဲ့သို့ ထူးချွန်သည့် မူဟာမာဒီအား ယခုနှစ် အပြောင်းအရွှေ့ ကာလတွင် တကျော့ပြန် ခေါ်ယူရန် စိတ်ဝင်စား လာပြီဖြစ်သည်။ မူဟာမာဒီ၏ မိခင်ကလပ် ENNPI ကိုင်ရိုက ဘလက်ဘန်းသည် ၎င်းတို့၏ ကွင်းလယ်လူ အတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဘလက်ဘန်းသည် မူဟာမာဒီအား (၅)ရက်မျှ အစမ်းလေ့ကျင့်ရန် ခေါ်ယူဖွယ်ရှိပြီး ကျေနပ် နှစ်သက်ပါက ပြောင်းရွှေ့ကြေး ပေါင်(၅)သန်း ၀န်းကျင်ဖြင့် စာချုပ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here