Social Networking အတွက် ရည်ရွယ်သည့် Google မိုဘိုင်းလ်ဖုန်း

alt

Social Networking ကဏ္ဍ အတွက် ရည်ရွယ်ပြီး Google က မိုဘိုင်းလ်ဖုန်း တမျိုး ထုတ်လုပ် လိုက်ကြောင်း သိရှိရသည်။

Hero ဟု အမည်ပေးထားသည့် အဆိုပါ မိုဘိုင်းလ် ဖုန်းသည် ဈေးကွက် အင်အားကြီး iPhone ထက် ပိုမိုအောင်မြင်မည်ဟုလည်း Google က ယုံကြည်နေသည်။ ထိုဖုန်းကို အင်တာနက်ပေါ်ရှိ အောင်မြင်နေသော Social Nerworking နှင့် Online-sharing ၀ဘ်ဆိုဒ်များဖြစ်သော Twitter၊ Facebook နှင့် Flickr တို့အား အသုံးပြုနိုင်ရန် အဓိကထား ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

OS အနေနှင့် Google ၏ Android ကို အသုံးပြုထားသည့် အဆိုပါ မိုဘိုင်းလ်ဖုန်း၏ Hardware ပိုင်းကို ထိုင်ဝမ်ဖုန်း ကုမ္မဏီ HTC က တာဝန်ယူခဲ့ပြီး လာမည့် လမှ စကာ ဈေးကွက်အတွင်း စတင် ရောင်းချတော့မည် ဖြစ်သည်။ အလေးချိန် (၄.၇၆) အောင်စရှိပြီး (၃.၂)လက်မ LCD Touchscreen ကို အသုံးပြုထားသော Storm သည် Built-in Memory 512MB ပါ၀င်ပြီး MicroSD 16GB ထပ်၍ အပိုဆောင်း စိုက်နိုင်မည် ဖြစ်သည်။

ဇူလိုင်လ အစောပိုင်းတွင် စတင်ရောင်းချမည့် အဆိုပါ မိုဘိုင်းလ် ဖုန်းအား နှစ်နှစ်စာချုပ် အတွက် တစ်လလျှင် (၃၉.၁၅)ပေါင် ပေးသွင်းကာ ၀ယ်ယူ အသုံးပြုနိုင်မည် ဖြစ်သည်။

HTC ကလည်း Google နှင့် ပူးပေါင်း အကောင်အထည် ဖော်ထားသည့် Hero သည် ဈေးကွက်အတွင်း iPhone ကို အလဲထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ Google က Hero တွင် 5 Mega-Pixel ကင်မရာတလုံး ပါ၀င်ပြီး Flash ဖြင့် ရေးဆွဲထားသည့် ၀ဘ်ဆိုဒ် များကိုလည်း ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here