အီရန် ဆန္ဒပြသူ အများအပြား နီယ်ဒါ ၏ မြေပုံသို့ သွားရောက် ဆုတောင်းကြ

alt

အီရန် နိုင်ငံမှ ဆန္ဒပြသူ အများအပြားသည် နီယ်ဒါး အက်ဂါ ဆော်တန် ၏ မြေပုံသို့ သွားရောက် ဆုတောင်း ပေးကြကြောင်း သတင်းများ က ဖော်ပြခဲ့ ကြသည်။

အီရန် သမတ မိုဟာမက် အာမက်ဒီနီဂျက် ကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ရဲများ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန် ခဲ့ရှာသည့် နီယ်ဒါးအား “လွတ်လပ်ရေး အတွက် နတ်မိမယ်”ဟု တင်စား ခေါ်ဝေါ်နေကြပြီး သူမ၏ ရုပ်အလောင်း အား မြှုပ်နှံထားရာ သင်္ချိုင်းနေရာကို တရိုတသေ သွားရောက် ဆုတောင်း နေကြဆဲ ဖြစ်ကြောင်း သိရသည်။

ဇွန်လ (၂၀)ရက်နေ့က သေဆုံးခဲ့သည့် နီယ်ဒါးနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများ အားလုံးကို အီရန် အစိုးရက တားမြစ်ထားသော်လည်း ဆန္ဒပြသူ အမြောက်အမြားမှာ နီယ်ဒါးထံ လာရောက် နေကြဆဲပင် ဖြစ်သည်။ လက်ရှိအချိန်တွင် အီရန်နိုင်ငံ၊ တဟီရန်မြို့တော်တွင် ရဲသား အရေအတွက် (၁၀၀၀၀) ကျော် အထိ အသုံးပြုကာ အင်အားသုံး ဖြိုခွင်းမှုများကြောင့် ဆန္ဒပြမှုများ တစထက်တစ လျော့နည်း လာနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။

နီယ်ဒါး အကြောင်း သတင်းများကို ဖတ်ရပြီး သူမ၏ သင်္ချိုင်းနေရာကို တွေ့မြင်ခဲ့ရပြီးနောက် ထိုနေရာသို့ ရောက်အောင် လာခဲ့ကြကြောင်း လူတစ်ဦးက သတင်းထောက်များအား ပြောဆိုခဲ့ပြီး၊ ထို့အပြင် နီယ်ဒါးမှာ ၎င်းတို့နှင့် ထာဝရ အတူ ရှိနေမည်ဖြစ်ကြောင်း လာရောက် ဂါရဝပြုသည့် ဆန္ဒပြသူ တစုက ပြောကြားလိုက်သည်။

အီရန် အစိုးရသည် စစ်တပ် အားကိုးဖြင့် ပြည်သူများအား မတရား အုပ်ချုပ်နေပြီး ထိုအခြေအနေကို တွန်းလှန်လိုသည့် ပြည်သူများ၏ လွတ်လပ်ရေးကို မြတ်နိုးသော စိတ်ဓာတ်အတွက် နီဒါးမှာ ပြယုဂ်တခု ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် သူမအား လေးစားရန် လိုအပ်ကြောင်း နီယ်ဒါး၏ မြေပုံတွင် ပန်းစည်း လာရောက်ထားရှိသူ တဦးက သတင်းထောက်များအား ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here