ကော်စတာ အတွက် မန်ယူ ကမ်းလှမ်းမှု ဘရာဇီး ကလပ်ပယ်ချ

alt

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဒေါက်ဂလတ် ကော်စတာ အတွက် ကနဦး ကမ်းလှမ်းချက်ကို ဘရာဇီး ကလပ် ဂရေမီယို က ပယ်ချ လိုက်ကြောင်း သိရှိ ရသည်။

မန်ချက်စတာ နည်းပြကြီး ဆာအဲလက် ဖာဂူဆန်သည် ဒုတိယ ရော်နယ်ဒင်ညိုဟု နာမည်ကြီးနေသော ဆယ်ကျော်သက် ကွင်းလယ် တိုက်စစ်မှူးလေး အား ခေါ်ယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း ဂရေမီယို ဥက္ကဌက ငြင်းဆန်ခဲ့သည်။

အသက် (၁၈)နှစ် အရွယ် လူငယ် ကြယ်ပွင့်လေး အတွက် အင်္ဂလန် ချန်ပီယံက ကမ်းလှမ်းသော ကြေးမှာ အလွန် နည်းပါးသေးကြောင်း ဂရေမီယို ကဆိုသည်။ ၎င်းတို့သည် ကော်စတာ အတွက် ပေါင်စတာလင် (၁၈)သန်းခန့် အလိုရှိနေကြောင်း သိရှိရသည်။

ဖာဂူဆန်သည် အသင်းမှ ထွက်ခွာသွားသည့် ခရစ်စတီယာနို ရော်နာဒို နေရာတွင် အစားထိုးရန် ကော်စတာ အား အလိုရှိ နေခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ် လာဖွယ်ရာရှိနေပြီး၊ ကော်စတာ၏ အေးဂျင့်ဖြစ်သူက မန်ချက်စတာသည် ပေါင်(၁၀)သန်း ၀န်းကျင် ပြောင်းရွှေ့ကြေးတရပ်ဖြင့် ကော်စတာအား ကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်လည်း ဥက္ကဌ ဒူဒါကရော့ အတွက် လုံလောက်မှု မရှိကြောင်း ၀န်ခံခဲ့သည်။

မန်ချက်စတာတွင် အန်ဒါဆန်၊ ပိုဆီဘွန် နှင့် ဒါဆေးဗား ညီအစ်ကို တို့ကဲ့သို့ ဘရာဇီး လူငယ်များကို စုဆောင်းထားရာ ကော်စတာ ကိုလည်း အနာဂတ် အတွက် ရည်ရွယ်၍ စာချုပ်သွားရန် ဖာဂူဆန်က အလိုရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here