Charlie’s Angels မင်းသမီးဟောင်း ဖယ်ရာဖေါဆက် ကွယ်လွန်

alt

ကင်ဆာရောဂါ နှင့် နှစ်ရှည်လများ စစ်ခင်း ရင်ဆိုင်ခဲ့ရသော Charlie’s Angels မင်းသမီးဟောင်း ဖယ်ရာဖောဆက်မှာ ဇွန်လ(၂၅) ရက်နေ့က သူမ၏ ရောဂါကို အရှုံးပေး သွားရရှာပြီ ဖြစ်သည်။

အသက်(၆၂)နှစ် ရှိပြီဖြစ်သော မင်းသမီးမှာ ဆေးရုံတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူမ၏ ကာလကြာရှည် လက်တွဲခဲ့သော ချစ်သူ ရိုင်ယန်အိုနီး က ကြေညာခဲ့သည်။ သူမသည် ပြင်းထန်သော ကင်ဆာ ရောဂါကို (၃)နှစ်မျှ ကြာအောင် ခံစားခဲ့ရ ရှာသူဖြစ်သည်။

ရိုင်ယန်သည် ဖောဆက် နှင့် ဆေးရုံတွင်ပင် လက်ထပ်ရန် စီစဉ်ခဲ့သော်လည်း ဖောဆက်၏ နောက်ဆုံး ရက်များတွင် လက်ထပ်ရန်ပင် မတတ်နိုင်တော့အောင် ကျန်းမာရေး ဆိုးရွားလာသဖြင့် လက်လျှော့ ခဲ့ရသည်။ ဖောဆက် ကွယ်လွန်ချိန်တွင် ရိုင်ယန် သာမက သူမ၏ မိသားစုဝင်များပါ နံဘေးတွင် ရှိနေခဲ့ကြောင်း သိရှိရသည်။

ကယ်လီဖိုးနီးယားရှိ ဆန်တာ မော်နီကာ ဆေးရုံတွင် ကွယ်လွန်ခဲ့ရှာသော ဖောဆက်သည် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ညှို့မင်းသမီး တလက်ဖြစ်ပြီး သူမ၏ အလှပြ ရိုက်ကူးထားသော ပိုစတာ တစ်စောင်သည် ကမာ္ဘပေါ်တွင် ကော်ပီပေါင်း (၁၂)သန်းကျော်မျှ ရောင်းချခဲ့ရသည်။ Six Million Dollar Man ဇာတ်ကား မှ မင်းသား လီး(စ်)မေဂျာနှင့် လက်ထပ်ခဲ့ဖူးသည့် ဖောဆက်သည် အခြားသော ဇာတ်ကား အချို့ကို ရိုက်ကူးခဲ့ဖူး သော်လည်း Charlie’s Angels တီဗွီရုပ်သံ ဇာတ်လမ်းတွဲများနှင့် အကြီးမားဆုံး အောင်မြင်မှုကို ရရှိခဲ့သူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here