ဟောလီးဝုဒ်မြေ မှ ထွက်ခွာရန် အီမာဝပ်ဆန် စဉ်းစားနေ

alt

Harry Potter မင်းသမီးလေး အမ်မာ ၀တ်ဆန် က သူမသည် ဟောလီးဝုဒ် ရုပ်ရှင် လောကမှ ထွက်ခွာရန် စဉ်းစား နေမိကြောင်း မီဒီယာ အချို့အား ပြောကြား လိုက်သည်။

ယတိပြတ် ဆုံးဖြတ်ချက် မချ ရသေး သော်လည်း Harry Potter ဇာတ်လမ်းများ ရိုက်ကူး ပြီးချိန်တွင် သူမ အနေနှင့် ရုပ်ရှင် လောကကို ကျောခိုင်းဖွယ် ရှိကြောင်း အမ်မာက ဆိုသည်။ သူမသည် Harry Potter ဇာတ်ကားများ အတွင်း သရုပ်ဆောင်ခဲ့သည့် စုန်းမလေး ဟယ်မီရွန် ဂရန်ဂျာ၏ ဇာတ်ရုပ်ကို နှစ်သက်ပြီး ထို့နောက်ပိုင်း တွင်မူ အခြားသော ဇာတ်ရုပ်များဖြင့် ရုပ်ရှင် ရိုက်လိုစိတ် သိပ် မရှိတော့ကြောင်း ပြောကြား ခဲ့သည်။

ယခုအချိန်တွင် Harry Potter ဇာတ်ကား၏ နောက်ဆုံး ဇာတ်လမ်းတွဲ နှစ်ခုကို ရိုက်ကူးနေသည့် အသက် (၁၉)နှစ် အရွယ် မင်းသမီးလေးက သူမ မော်ဒယ်လ် အဖြစ် ဓာတ်ပုံ ရိုက်ပေးခဲ့သော Teen Vogue မဂ္ဂဇင်းသို့ ရုပ်ရှင်နှင့် ပတ်သက်ပြီး အင်တိုက်အားတိုက် မရှိတော့သလို ခံစားမိကြောင်း ၀န်ခံခဲ့သည်။

ဟယ်မီရွန် အနေနှင့် သရုပ်ဆောင်ရမည် ဆိုတိုင်း အလွန်တက်ကြွစွာ ခံစားမိသော်လည်း အခြားသော အမည်တစ်ခုဖြင့် ရိုက်ကူးရေးအဖွဲ့၏ ရှေ့တွင် အမူအယာ လုပ်နေရမည်ကို စိတ်ကူးနှင့်ပင် ညည်းငွေ့မိကြောင်း အမ်မာက ဆိုသည်။

ထို့အပြင် သူမ၏ ပညာရေး မျှော်မှန်းချက်များ အတွက် ရုပ်ရှင် လုပ်ငန်းကို အချိန်ပေး ရမည်ကို စိုးရွံ့မိကြောင်းလည်း ပါဝင်ကြောင်း အမ်မာက ပြောကြားခဲ့သည်။ သူမသည် ယခုအခါ အမေရိကန်နို်င်ငံ ယေးလ် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးရန် ပြင်ဆင်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here