တရုတ်အမွှာ ညီအစ်မ စာမေးပွဲ ရမှတ်တူနေသဖြင့် ပညာရှင်များ ခေါင်းစားနေ

alt

တရုတ်နိုင်ငံမှ အမြွှာညီအစ်မ နှစ်ဦးသည် အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြရာတွင် အမှတ်တူ ရရှိနေသဖြင့် တရုတ် ပညာရှင်များ ခေါင်းစားလျှက် ရှိနေကြသည်။

ဇန်ဂျီဟွမ်း နှင့် ဇန်ဂျီလင်း တို့သည် စာမေးပွဲ ရမှတ် စုစုပေါင်း (၆၄၄)မှတ်စီ တူညီနေရာ ထိုကိစ္စသည် တယ်လီပသီ (ခေါ်) စိတ်ချင်း ဆက်သွယ်မှုနှင့် ပတ်သက်နေခြင်း ရှိမရှိကို ပညာရှင်များ လေ့လာလျှက် ရှိနေကြသည်။

ထိုကဲ့သို့ အောင်စာရင်းတွင် အမှတ်အတူတူ ရရှိလာမည်ဟု ထင်မထားသလို အလွန်လည်း အံ့ဩခဲ့မိကြောင်း ညီအစ်မ နှစ်ယောက်က ဆိုသည်။ သတင်းထောက်များက ပညာရေးဌာန တာဝန်ရှိသူများကို မေးမြန်းခဲ့ရာ ယခုကိစ္စသည် ပထမဆုံး အကြိမ် တိုက်ဆိုင် တူညီမှု ဖြစ်ကြောင်းသာ ပြောကြား ခဲ့ကြသည်။

ဇီဂျီအန်း ခရိုင်ရှိ ရှောဇင်း ကျေးရွာမှ ညီအစ်မ နှစ်ဦးသည် သူမတို့၏ ဘဝအကြောင်း မေးမြန်းမှုများကို တလေသံတည်း၊ တပြိုင်တည်း ဖြေဆိုလေ့ ရှိကြောင်း အိမ်နီး နားချင်းများက ပြောကြားခဲ့သည်။ ယခုကဲ့သို့ စာမေးပွဲ ရမှတ်များ တူညီနေခြင်းသည် သူမတို့၏ ဦးနှောက်စွမ်းရည် တူညီနေခြင်းကြောင့် ဖြစ်နိုင် မဖြစ်နိုင်ကို သုတေသီများက ဝေခွဲမရ ဖြစ်နေကြရသည်။

ဇီဂျီယန်း ဆေးရုံမှ ဒေါက်တာဇူရီ ကမူ နောက်ခံသမိုင်း၊ ပညာရေး အထောက်အပံ့နှင့် မျိုးရိုးဗီဇ တူညီသော အမြွှာများအဖို့ အမှတ်တူ ရရှိခြင်းသည် ဖြစ်ခဲသော်လည်း အလွန်ထူးခြားသော ကိစ္စတခုဟု မထင်မိကြောင်း ပြောကြားလိုက်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here