ပါကစ္စတန် မြောက်ပိုင်းတွင် အမေရိကန် စစ်တပ် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ပြန်

alt

အမေရိကန် စစ်တပ်မှ မောင်းသူမဲ့ လေယာဉ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် လူ(၄၅) ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။

တောင်ပိုင်း ၀ါဇီရစ် စတန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အတွင်း တာလီဘန်များဟု ယူဆရသူ အများအပြား သေဆုံးကြောင်း ပါကစ္စတန် စစ်ဘက် ထောက်လှမ်းရေးက ပြောဆိုလိုက်သည်။ နက်ဂျမာရိုင်း ကျေးရွာ အပြင်ဘက်တွင် တည်ရှိနေသော တာလီဘန် စစ်အခြေစိုက် လေ့ကျင့်ရေး စခန်းအား ဇွန်လ (၂၃)ရက်နေ့က မောင်းသူမဲ့ လေယာဉ်များမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အမြောက်အများ သေကြေကြောင်း မျက်မြင်များကလည်း ပြောကြား သွားခဲ့ကြသည်။

အမေရိကန် အစိုးရက ထိုနေ့၊ ထိုအချိန်တွင် ဖော်ပြပါနေရာ အတွင်း စစ်ဆင်ရေး တစုံတရာ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသော်လည်း ကိုယ်တွေ့ မြင်ခဲ့သူများက ယခု လေယာဉ်များသည် အမေရိကန်၏ တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေး လုပ်ငန်းသုံး မောင်းသူမဲ့ လေယာဉ်များ ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့ကြပြီး၊ တာလီဘန်ခေါင်းဆောင် နီယက်စ်ဝါလီ ၏ ဈာပန အတွက် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်နေစဉ် မောင်းသူမဲ့ လေယာဉ်များက ဒုံးကျည်များဖြင့် စတင် ပစ်ခတ်ခဲ့ခြင်းဟု ပါကစ္စတန် ထောက်လှမ်းရေး ဌာနက Reuters သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဌာနကမူ ထိုနေ့က စစ်ဆင်ရေးများ မပြုလုပ်ခဲ့ကြောင်းနှင့် ၎င်းတို့သည် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်တိုင်း ပါကစ္စတန် နှင့် ပူးပေါင်း ဆောင်ရွက်လေ့ရှိကြောင်း တုန့်ပြန် ငြင်းဆိုထားသည်။ ပါကစ္စတန်တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်များက တိုက်ခိုက်သဖြင့် သေဆုံးမှုများ ဖြစ်ပေါ်ကြောင်း မကြာခဏ သတင်းများ ထွက်လာလေ့ရှိပြီး တခါတရံ အရပ်သားများပါ သေဆုံးရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here