ပုပ်ရဟန်း မင်းကြီးနှင့် တွေ့ဆုံရန် အိုဘားမား စီစဉ်နေ

alt

အမေရိကန် သမတ ဘာရက် အိုဘားမားသည် ဇူလိုင်လအတွင်း ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်သည်။

ရိုမန်ကက်သလစ် ဘာသာရေး ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဘန်နဒက် အား အိုဘားမားက အီတလီတွင် ကျင်းပမည့် G-8 အစည်းအဝေးမှ တဆင့် ဗာတီကန် နန်းတော်သို့ သွားရောက် ဂါရဝပြု တွေ့ဆုံမည် ဖြစ်သည်။ အိ်မ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရောဘတ်ဂစ်က အိုဘားမား၏ ဗာတီကန် ခရီးစဉ်အား ဇူလိုင်လ (၁၀)ရက်နေ့တွင် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအား သွားရောက် တွေ့ဆုံရာတွင် သမတ ကတော် မစ်ရှယ်အိုဘားမားပါ လိုက်ပါ သွားမည်ဟုလည်း သိရသည်။ ပုပ်ရဟန်း မင်းကြီးသည် အိုဘားမားအား သဘောကျသူ တစ်ဦးဖြစ်ပြီး အိုဘားမား ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့စဉ်က ဂုဏ်ပြု သဝဏ်လွှာတစ်စောင် ရေးသား ပေးပို့ခဲ့သေးသည်။ အိုဘားမား အနေနှင့် ပုပ်ရဟန်း မင်းကြီးအား သွားရောက် တွေ့ဆုံရာတွင် အမေရိကန်မှ ခရစ်ယန် ဘုန်းတော်ကြီး အချို့တို့လည်း လိုက်ပါသွားမည်ဟု သိရသည်။

ဗာတီကန် နန်းတော်မှ တာဝန်ရှိသူများက ပုပ်ရဟန်းမင်းကြီးသည် အမေရိကန် သမတနှင့် ဘာသာရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် စိတ်အား ထက်သန်နေပြီး ကိုယ်ဝန်ဖျက်ချမှု ဥပဒေ၊ Stem Cell ကုထုံးဆိုင်ရာ သုတေသန ကိစ္စများနှင့် ပတ်သက်ပြီး အိုဘားမားဘက်မှ အမြင်ကို သိရှိလိုသော ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။ အိုဘားမားသည် အီတလီခရီးစဉ် အပြီးတွင် ဂါနာနိုင်ငံသို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here