သမတကြီးပေါ်ကို အပေါ့သွားခဲ့တဲ့ ဇမ်ဘီယာ မျောက်

alt

လူကြီး လူကောင်းအား ရိုသေခန့် ညားရမှန်း နားမလည်သော မျောက်ကလေး တစ်ကောင်သည် ဇမ်ဘီယာနိုင်ငံ သမ္မတကြီးပေါ်သို့ ကျင်ငယ် စွန့်ချခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၄)ရက်နေ့က သမတကြီး ရူဖာဘန်ဒါ သည် အိမ်အပြင်သို့ ခေတ္တ ထွက်ရပ်နေစဉ် ယခုလို ဖြစ်ခဲ့ရခြင်းဟု ဆိုသည်။ သမ္မတကြီးက အဆိုပါမျောက်ကြောင့် ၎င်း၏ ဂျာကင်အင်္ကျီ တစ်ထည်လုံး ရွှဲရွှဲစိုသွားကြောင်း သတင်းထောက်များအား ရယ်ရယ်မောမော ပြောဆိုသွားသည်။ ၎င်းအနေနှင့် ပြဿနာ ဖြစ်ဖြစ်ချင်းတွင် အလွန် ဒေါသထွက်မိသော်လည်း နောက်ပိုင်းတွင် ပြန်တွေးပြီး ရယ်ချင် လာမိကြောင်း သမတကြီးက ဆိုသည်။

ထိုလုပ်ရပ်သည် ၎င်းကို ထောက်ခံသည့် အနေနှင့် မျောက်ကလေးက ၎င်းတို့၏ ဘာသာဘာဝ ကောင်းချီး ပေးသွားခြင်းလည်း ဖြစ်နိုင်ကြောင်း သမတကြီးက နောက်ပြောင်ခဲ့သည်။ အစိုးရ၏ သတင်းပြန်ကြားရေး အဆောက်အအုံတွင် ပြောပြသွားသည့် အထက်ပါ အကြောင်းအရာကြောင့် သတင်းထောက်များ အလွန် ပွဲကျခဲ့ကြောင်းလည်း သိရသည်။

သမတကြီး ဘန်ဒါ၏ နေအိမ် အနီးအနားတွင် မျောက်ကောင်ရေ ဆယ်ဂဏန်းမျှ နေထိုင်ကြပြီး အလွန်လည်း အဆော့သန်ကြကြောင်း အစိုးရအိမ်တော် ၀န်ထမ်းများက ပြောကြားခဲ့ကြသည်။ ထို့အပြင် သမတအိမ်၏ ခြံဝင်းကြီး အတွင်းတွင် Antilope ခေါ် အပြေးသန်သည့် တောင်ဆိတ် များနှင့် ငှက်အမျိုးပေါင်း များစွာလည်း နေထိုင် ကျက်စားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here