Batman ဇာတ်ကား ဗီလိန်အဖြစ် ဂျွန်နီဒိ(ပ်) သရုပ်ဆောင်ချင်

alt

Batman ဇာတ်ကားသစ်၏ ဗီလိန် ဇာတ်ကောင် ဖြစ်သော အစိမ်းရောင် လူပြောင်ကြီး Riddler အဖြစ် သရုပ်ဆောင်ရန် မိမိ စိတ်ဝင် စားနေကြောင်း Pirates of Caribbean မင်းသား ဂျွန်နီဒိ(ပ်) က ပြောကြား လိုက်သည်။

၎င်းသည် Public Enemies ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင် ခဲ့သည့် Batman မင်းသား ခရစ်စတီယန် ဘေး နှင့် ဆက်ဆံရေး ကောင်းမွန်နေပြီး Riddler အဖြစ် သရုပ်ဆောင်ရာတွင် အတွဲညီမည်ဟု မျှော်လင့် နေသည်။ ထို့အပြင် Riddler အဖြစ် ရှေးဦးစွာ သရုပ်ဆောင်ခဲ့သော မင်းသားဖရန့် ဂေါ်ရှေး ကို အလွန် ကြိုက်နှစ်သက်ခြင်းကြောင့် Riddler ဇာတ်ရုပ်ကို ပိုမိုရူးသွပ် စွဲလန်းမိကြောင်း ဒိ(ပ်)က ပြောကြားခဲ့သည်။

အသက် (၄၆)နှစ်ရှိ မင်းသားက ဂေါ်ရှေးသည် ၎င်း၏ အကြိုက်ဆုံး မင်းသားဖြစ်ကြောင်းလည်း ၀န်ခံခဲ့သည်။ Batman မင်းသား ဘေး ကလည်း ဒိ(ပ်)၏ အရည်အသွေးကို ထောက်ခံခဲ့ပြီး ဒိ(ပ်)သည် အနုပညာ ဗီဇအရ သူ မတူအောင် ထူးချွန်ကြောင်း ထောက်ခံထားသည်။

၎င်းအနေနှင့် Riddler အဖြစ် သရုပ်ဆောင် ရမည်ဆိုလျှင် အလွန်ကြီးမားသော အောင်မြင်မှု ရရှိနိုင်သည်ဟု ဘေး ကဆိုသည်။ အခြားသော သတင်းများအရ အက်ဒီမာဖီ ကလည်း တတိယမြောက် Batman ဇာတ်ကားတွင် ပါ၀င်ခွင့် ရလိုကြောင်း ဒါရိုက်တာကြီး ခရစ်စတိုဖာ နိုလန်ကို တောင်းဆိုထားသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here