Nokia နှင့် Intel နည်းပညာ ပူးပေါင်းမည်

alt

ကွန်ပျူတာ စနစ်သုံး မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရေး အတွက် မဟာ ဗျူဟာမြောက် ခြေလှမ်းတစ်ခုကို Nokia နှင့် Intel တို့က စတင် လိုက်ပြီ ဖြစ်သည်။

ကမာ္ဘကျော် နည်းပညာ ကုမ္မဏီကြီး နှစ်ခုသည် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဈေးကွက်ကို ချုပ်ကိုင်နိုင်ရန် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဤသို့ သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။ ဇွန်လ (၂၃)ရက် နေ့က အင်တာနက် အသုံးပြုရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေမည့် နည်းပညာမြင့် စမတ်ဖုန်းများ ထုတ်လုပ်နိုင်ရေး အတွက် Nokia နှင့် လက်တွဲသွားမည် ဖြစ်ကြောင်း Intel က အတည်ပြုခဲ့သည်။

Intel ၏ အကြီးတန်း ဒုတိယဥက္ကဌ တစ်ဦးဖြစ်ပြီး Intel ၏ ကြိုးမဲ့စနစ်များ အတွက် အထွေထွေ မန်နေဂျာ တာဝန်ကို ရယူထားသည့် အနန် ချန်ဒရာ ဆက်ခါး က နောက်ထပ် ထွက်ရှိလာမည့် ကွန်ပျူတာ စနစ်သုံး မိုဘိုင်းလ်ဖုန်းများ အတွက် အကောင်းဆုံး ပူးပေါင်းမှု တစ်ခုကို ဆောင်ရွက် လိုက်နိုင်ကြောင်း ကြေညာခဲ့သည်။ ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီးဖြစ်သည့် Nokia သည်လည်း ဈေးကွက် ပြိုင်ဘက်များထက် အသာရစေမည့် ဆောင်ရွက်ချက် တစ်ခုကို ပြုလုပ် လိုက်နိုင်ခြင်း ဖြစ်ပြီး ယခုအခါ Intel ၏ နာမည်ကျော် Processor စနစ်များကြောင့် Blackberry ၊ Apple၊ Pal စသော ပြိုင်ဘက် ကုမ္မဏီများ အတွက် စိုးရိမ်စရာ ဖြစ်လာ ခဲ့ရသည်။

ယခု သဘောတူညီချက်အရ Intel ၏ Processor နည်းပညာများကို အသစ်ထုတ် Nokia ဖုန်းများတွင် ထည့်သွင်းခွင့် ရရှိမည်ဖြစ်ပြီး Intel ကလည်း Nokia ၏ HSPA/3G ရေဒီယို နည်းပညာအတွက် လိုင်စင် ခွင့်ပြုချက်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here