ဆာဂျီရိုအာဂွီရို အား ဥရောပ အသင်းကြီးများ အပြိုင်အဆိုင် ခေါ်ယူလို

alt

အက်သလတ် တီကို မက်ဒရစ်မှ တိုက်စစ်မှူး ဆာဂျီယို အာဂွီရိုအား အပြိုင်အဆိုင် ကြိုးပမ်းနေမှုတွင် မန်ချက်စတာ ယူနိုက်တက်လည်း ပါ၀င် လာပြီဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအလက် ဖာဂူဆန်သည် အသက် (၂၁) နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင်လေးအား ပေါင် (၄၅) သန်း ထိဈေးပေးကာ ခေါ်ယူ သွားနိုင် မည်ဟု မျှော်လင့် နေသည်။ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အင်တာမီလန်တို့က ပစ်မှတ်ထားနေသော ကစားသမားလေးသည် ကမာ္ဘ့ အကောင်းဆုံး လူငယ် ကြယ်ပွင့်များ အနက် တစ်ဦး အပါအဝင် ဖြစ်နေပြီး ဖာဂူဆန်က တစ်ပါတ်လျှင် ကစားကြေး ပေါင်(၁၂၀၀၀) နှင့် (၅)နှစ် စာချုပ်ကာ ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဖာဂူဆန်က အာဂွီရို သည် မန်ချက်စတာ၏ ကမာ္ဘ့ အကျော်ကြားဆုံး ကလပ်အသင်း တစ်ခုဆိုသော ဂုဏ်ပုဒ်အား လေးစား တန်ဖိုးထားမည်ဟု မျှော်လင့်နေပြီး ချဲလ်ဆီး နှင့် အပြိုင် ကမ်းလှမ်းသွားရန် စီစဉ်နေသည်။ အက်သလတ် တီကို အသင်း ဘုတ်အဖွဲ့ က ၎င်းတို့၏ ကစားသမားလေးအား လုံးဝ ရောင်းချမည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသော်လည်း ဖာဂူဆန် ကမူ ရအောင် ခေါ်နိုင်မည်ဟု ယူဆ နေဆဲဖြစ်သည်။

အခြားသော သတင်းများအရ ဖာဂူဆန်သည် ပြင်သစ်ကလပ် အိုလံပစ် လိုင်ယွန်မှ အသက် (၂၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးလေး ကီရန် ဘန်ဇီမာကို ခေါ်ယူနိုင်ရန် အလွန်နီးကပ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here