အသည်း အစားထိုး ကုသမှုပြုခဲ့ရသည့် Apple CEO

alt

Apple ၏ CEO ဖြစ်သူ စတိဂျောဘ့် သည် အသည်းအစားထိုး ခွဲစိတ်မှု ခံယူထားရာမှ နာလံ ထလာပြီ ဖြစ်ကြောင်း သူ၏ ကိုယ်ရေး ဆရာဝန်များက ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဂျိမ်းဒီ အက်ဆန်းက Apple အား ထူထောင်ခဲ့သူ တစ်ဦးဖြစ်သော ဂျိမ်းသည် တန်နက်ဆီရှိ မက်သတစ် ဆေးရုံတွင် ခံယူခဲ့သော အသည်း အစားထိုး ကုသမှုတွင် အောင်မြင်မှု ရရှိခဲ့ပြီး ယခုအခါ ကျန်းမာရေး အလွန် ကောင်းမွန်နေကြောင်း အတည်ပြုခဲ့သည်။

ဂျော့ဘ် ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး ကောလဟာလ များကြောင့် ရှယ်ယာတန်ဖိုးများ ကျဆင်းနေသည့် Apple ကုမ္မဏီအတွက် ယခု ကြေညာချက်မှာ သတင်းကောင်း တစ်ခု ဖြစ်ခဲ့သည်။ Wall Street ဂျာနယ်က ဂျော့ဘ်သည် လွန်ခဲ့သော (၂)လခန့်က အန္တရာယ် ကြီးမားသည့် ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ပြီးနောက် ဈေးကွက်တွင် Apple ၏ တန်ဖိုးများ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်များက ဂျော့၏အသည်းသည် နောက်ဆုံးအဆင့်ထိ ပျက်စီးနေသဖြင့် အန္တရာယ်များလှသော အသည်းအစားထိုး ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အခြေအနေကောင်းနေကြောင်း အတည်ပြုခဲ့သည်။ ယမန်နှစ်အတွင်း အမေရိကန်တွင် အသည်းအစားထိုး ကုသခဲ့သူ အရေအတွက်၏ (၁၃) ရာခိုင်နှုန်းမှာ သေဆုံးခဲ့ရသလို သာမန် အားဖြင့်လည်း ထိုခွဲစိတ်မှုကို ဆရာဝန်များက တတ်နိုင်သမျှ မပြုလုပ်ကြကြောင်း သိရှိရသည်။

ဒေါက်တာ အက်ဆန်းက ဂျော့ဘ် အနေနှင့် မကြာမီ အချိန်အတွင်းတွင် Apple အတွက် CEO တာဝန်ကို ပြန်လည် ထမ်းဆောင်ဖွယ်ရှိကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here