မစ္စတာယက်တော တမင် အဖမ်းခံရရန် ကြံစည်ခဲ့ဟု ဆို

alt

ဇွန်လ ၂၅ ရက် ( မနေ့ ) က ကျင်းပ ပြုလုပ်သောသော မြန်မာ စစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ က မစ္စတာ ယက်တောသည် အဖမ်းခံ ရနိုင်သည့် လမ်းကြောင်းကို

ရွေးချယ် အသုံးပြု ထွက်ခွာ ခြင်းကြောင် ဖမ်းဆီး ရမိ ခြင်း ဖြစ်သည် ဟု ပြောဆို ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နေ့ က ဒေါ်အောင်းဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ၀င်ရောက် ခဲ့စဉ်က တက္ကသိုလ် ရိပ်သာလမ်း တောင်ကိုရီးယား သံရုံးအနီး ရှိ ရေထုတ် မြောင်းပိုက်လိုင်း မှ တစ်ဆင့် အင်းလျားကန် အတွင်းသို့ ဆင်းခဲ့ ကြောင်း၊ အင်းလျား ကန်ရေပြင်ကို ဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဘက်သို့ ရေကူးသွားရောက် ခဲ့ကြောင်း၊ အဆိုပါလမ်းကြောင်းမှာ တိုတောင်းပြီး အန္တရာယ် ကင်းကင်း ၀င်ထွက် နိုင်သော လမ်းကြောင်း ဖြစ်သည့် အတွက် ရဲတပ်ဖွဲ့ ၀င်များ ၏ ဖမ်းဆီး ခြင်း မခံခဲ့ ရကြောင်း၊ ထိုလမ်းကြောင်း ကို ပထမ အကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အတွင်း ၀င်ထွက်ရာတွင် အသုံးပြုခဲ့ ကြောင်း၊ ဒုတိယ အကြိမ်တွင် လည်း အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အတွင်း ၀င်ရောက်ခဲ့သော်လည်း အပြန်ခရီးတွင် ထို အန္တရာယ် ကင်းကင်း ၀င်ထွက် နိုင်သော လမ်းကြောင်းကို အသုံးမပြုဘဲ လွတ်မြောက်ရေး နှင့် လုံခြုံရေး စိတ်ချရခြင်း မရှိသော အင်းလျားကန် ရေပြင် အကွာအဝေး အားဖြင့် ကိုက် ၃၀၀၀ ကျော် အလွန်ရှည်လျား သည့် ကူးခတ်ဖို့ပင် မလွယ်ကူသော အင်းလျားရေပြင် ကို အလျားလိုက် ဖြတ်ကူး ရသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိ ဖမ်းဆီး နိုင်ခြင်း ဖြစ်ကြောင်း၊ ”ဒုတိယ အကြိမ် ပြန်ထွက်ရာမှာ ပထမ အကြိမ်လမ်းကြောင်းကို မသုံးဘဲ အခုလုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး နိုင်ခဲ့တဲ့ လမ်းကြောင်းကို ရွေးချယ်သုံးခဲ့တာ ဟာ ထူးဆန်းနေ ပါတယ် လို့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က ဆိုပါတယ်။

ထို့အပြင် ရဲချုပ်ခင်ရီ က ပြည်ပ အခြေစိုက် ဆန့်ကျင်ဘက် အုပ်စုများ ဝေဖန် နေသကဲ့သို့ စိတ်မနှံ့ရူးသွပ် နေသူ မဟုတ်ကြောင်း၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး ဝေဖန်သုံးသပ်ဆင်ခြင်နိုင်စွမ်း မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ မစ္စတာ ဂျွန်ဝီလျံယက်တော ၏ ၀န်ခံထွက်ဆိုချက် အရ သူ သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်း အတွင်း ပထမအကြိမ် လျှို့ဝှက်စွာ ၀င်ရောက်ခြင်း မပြုခင် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ဖူးပြီး၊ ထိုင်းနိုင်ငံ ၌ ရှိနေစဉ် မဲဆောက်ရှိ မယ်တော် ဆေးခန်းသို့ ၁၀ ကြိမ်၊ ဘိုကြည် (AAPPB)၊ တို့ နှင့် တွေ့ဆုံခဲ့ကြောင်း၊ မဲဆောက်တွင်ရှိနေစဉ် တရားမဝင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၌ရှိနေစဉ် တွေ့ဆုံခဲ့သူများမှာ ဝေလင်း(လူ့ဘောင်သစ်)၊ မင်းနိုင် (ABSFU-FAC)၊ ဇော်ထွန်း၊ တိတ်နိုင် (AAPPB) တို့ ဖြစ်ပြီး၊ ချင်းမိုင်သို့ ရောက်ရှိနေစဉ် ဒေါက်တာ နိုင်အောင် ၏ စီစဉ်ပေး မှုဖြင့် ချင်းမိုင်ရှိ FAC (Foreign Affair Council) ရုံးတွင် တည်းခို ခဲ့ပြီး ဇင်မောင်၊ ကျော်ဝင်း၊ အောင်ဒင်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ပြောဆိုကာ မစ္စတာယက်တော အား ပြည်ပ အခြေစိုက် အဖွဲ့စည်းများက တမင် ရည်ရွယ် စေလွှတ် အကွက်ချ လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ 

ပြည်ပ အခြေစိုက် အဖွဲ့အစည်း အသီးသီး၊ မစ္စတာယက်တော တွေ့ဆုံခဲ့သည့် ဆိုသည့် ပုဂ္ဂိုလ်များ က ငြင်းဆို ထားကြပြီး၊ နိုင်ငံတကာ အစိုးရများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နာမည်ကျော်ကြားသော အနုပညာရှင်များ၊ အားကစားသမားများ က မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား ထိမ်းသိမ်း ထားခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်တော့မည် ဖြစ်၍ ပြန်လည် လွှတ်ပေးရမည်ကို အမှုရှာလိုသဖြင့် နအဖ စစ်အစိုးရ မှ တမင် အကွက်ချ စီစဉ်ခြင်း သာဖြစ်ကြောင်း ယူဆလျှက် ရှိပြီး၊ မစ္စတာယက်တော ဝတ်ပြုလေ့ရှိသော The Church of The Latter Day Saints ဘုရားကျောင်း သည် ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံ ခရစ်ယာန် ကောင်စီ နှင့် ဆက်သွယ်ပြီး ဆက်သွယ်ခဲ့ဘူးကြောင်း၊ အဆင်မပြေဖြစ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း အမှတ် ၁၄၆ (က) တွင် ကြံ့ခိုင်ဖွံဖြိုးရေး အသင်း နှင့် အသင်းတော် ပေါင်းပြီး၊ ဘာသာစကား အခြေခံ သာသနာ ပြု လုပ်ငန်းတွေ လုပ်နေတယ် ဟု ခင်မင်းဇော် က မျိုးချစ်မြန်မာ သို့ ဓါတ်ပုံများဖြင့် သတင်း ပေးပို့ ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here