ကာဂျစ်စတန်တွင် တည်ဆောက်မည့် စစ်အခြေစိုက်စခန်း အတွက် ရုရှားစိတ်ပျက်

alt

ကာဂျစ်စတန်တွင် အမေရိကန်တို့ လေတပ်စခန်း တစ်ခု ဆောက်လုပ်ခွင့် ရရှိသွားခြင်း အပေါ် ရုရှားအစိုးရမှာ အလွန် စိတ်ပျက်နေကြောင်း သိရသည်။

ရုရှား အစိုးရ အဖွဲ့မှ အမည်မဖော်လို ထိပ်တန်းအရာရှိ တစ်ဦးက ကရင်မလင် နန်းတော်မှ ရုရှား အစိုးရသည် အာရှ အလယ်ပိုင်းတွင် နောက်ထပ် အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခု ပေါ်ပေါက်လာခြင်းကို စိုးရိမ်နေကြောင်း Kommersant သတင်းစာသို့ ပြောကြားခဲ့သည်။

ကာဂျစ်စတန် အစိုးရသည် ဇွန်လ (၂၄)ရက်နေ့က ၎င်းတို့သည် အမေရိကန် ပြည်ထောင်စုနှင့် လေတပ်စခန်း ဖွင့်လှစ်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ထို လေတပ်စခန်းမှ တဆင့် အာဖဂန်နစ္စတန်သို့ အမေရိကန် လက်နက်များ တင်ပို့ရေးကိုလည်း ခွင့်ပြုသွားမည်ဟု ကာဂျစ်စတန် အစိုးရက ပြောကြားခဲ့သည်။

ရုရှားကမူ ထို သဘောတူညီမှုသည် မော်စကိုမြို့တော်အား အမေရိကန် စစ်ဌာနများက ပိုမို ၀န်းရံလာသည်ဟု ယူဆကာ မွန်းကြပ် နေဖွယ်ရှိကြောင်း နိုင်ငံတကာ အကဲခတ်များက သုံးသပ် ပြောဆိုခဲ့ကြသည်။ ကာဂျစ်စတန်သည် မူလက နိုင်ငံအတွင်း ဆောက်လုပ်ထားသည့် အမေရိကန် လေတပ်စခန်း Manas ကိုပင် ပိတ်ခိုင်းမည်ဟု လေသံလွှင့်ခဲ့ရာ ယခုလုပ်ရပ်သည် အလွန် ညစ်ပတ်သော လှည့်စားမှု တစ်ခုဖြစ်ကြောင်း ရုရှားက စွပ်စွဲခဲ့သည်။

ရုရှား နိုင်ငံအနေနှင့် ကာဂျစ်စတန်၏ လုပ်ရပ်အား ကျေနပ်မှု မရှိသော်လည်း တစုံတရာ ၀င်ရောက်စွက်ဖက် ဖိအားပေးနိုင်မည့် အခွင့်အရေးလည်း မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုသွားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here