အလွန်ဆို နှင့် အာဘီလိုအာ တို့အား ရီးရဲလ်မက်ဒရစ် ကမ်းလှမ်း

alt

ရီးရဲလ် မက်ဒရစ် အသင်းသည် လီဗာပူးမှ စပိန် ကစားသမား နှစ်ဦးဖြစ်သော ဇာဘီ အလွန်ဆို နှင့် အယ်ဗာရို အာဘီလိုအာ တို့နှစ်ဦးအား ယူရို (၅၅) သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်း လိုက်ကြောင်း သိရှိရသည်။

လီဗာပူးသည် ပို့မောက်စ်မှ အင်္ဂလန် ခံစစ်မှူး ဂလင်းဂျွန်ဆင်အား ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိပြီး မကြာမီမှာပင် ရီးရဲလ်က ယခုလို ကမ်းလှမ်းမှု တခု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ရီးရဲလ်သည် ကွင်းလယ်လူ အလွန်ဆို အတွက် ယူရို (၄၅)သန်းနှင့် ခံစစ်မှူး အဘီလိုအာ အတွက် ယူရို (၁၀) သန်းတန် ငွေကြေး များဖြင့် အဆိုပြု ကမ်းလှမ်း လာခြင်း ဖြစ်သည်။

ရီးရဲလ်သည် ပြီးခဲ့သောလက အလွန်ဆို အတွက် ယူရို (၂၃)သန်းဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားခဲ့သေးသော်လည်း လီဗာပူးက ပယ်ချခဲ့သည်။ သို့သော် လက်မလျှော့ဘဲ ယခုတစ်ကြိမ် ကမ်းလှမ်းခဲ့ပြန်ရာ လီဗာပူး အနေနှင့် လက်ခံနိုင်သော ပမာဏတွင် ရှိနေကြောင်း သိရသည်။

လီဗာပူးနည်းပြ ရာဖေးဘင်နီတက် ကမူ ၎င်း၏ ကွင်းလယ်လူကို ရောင်းချမည် မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။ ထို့အပြင် လီဗာပူး အလယ်တန်းလူ ဟာဗေးယား မာရှေယာနို မှာလည်း ဘာစီလိုနာ အသင်း၏ စိတ်ဝင်စားမှုကို ခံနေရသောကြောင့် ဘင်နီတက် အနေနှင့် အသည်းအသန် ကာကွယ်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here