မြောက်ကိုရီးယား သင်္ဘော မြန်မာသို့ လာခြင်းမဟုတ် ဟုဆို

alt

မြောက်ကိုရီးယား ကုန်တင် ရေယာဉ် မှာ မြန်မာ နိုင်ငံသို့ ဦးတည် လာရောက် နေခြင်း လုံးဝ မဟုတ်ကြောင်း မြန်မာ စစ် အစိုးရပိုင် သတင်းစာ တစ်စောင် က ဇွန်လ (၂၅) ရက်နေ့ က ရေးသား ဖော်ပြ လိုက်သည်။

မြောက်ကိုရီးယား နိုင်ငံ နန်ပိုး ဆိပ်ကမ်း မှ ဇွန်လ (၁၇) ရက် နေ့က စတင် ထွက်ခွာလာသည့် ကုန်တင် သင်္ဘောသည် တရားမဝင် တားမြစ်ထားသော လက်နက်များကို တင်ဆောင် လာသည်ဟု ယူဆ ရဖွယ်ရှိကာ အမေရိကန် ရေတပ် ဖျတ်သင်္ဘော တစ်စင်းက မျက်ခြေမပြတ် စောင့်ကြည့်လျှက် ရှိပြီး ထိုအရေးကို ကမာ္ဘတဝှမ်း ကလည်း အာရုံစိုက်လျှက် ရှိနေသည်။

Kang Nam အမှတ် ၁ ဟု အမည်ရသည့် သင်္ဘော၏ လားရာကို ခန့်မှန်း၍ ကမာ္ဘ့သတင်း ဌာနများက ထို သင်္ဘောသည် မြောက်ကိုရီးယား နိုင်ငံကဲ့သို့ပင် စစ်အာဏာရှင် အစိုးရ တစ်ရပ် ၏ အုပ်ချုပ်မှုကို ခံနေရသော မြန်မာ နိုင်ငံသို့ ဦးတည်နေကြောင်း ခန့်မှန်း ဖော်ပြ ခဲ့သော်လည်း ယခုအခါ မြန်မာ စစ်အစိုးရ က ထိုသတင်းများ အား ငြင်းချက် ထုတ်လိုက်သည်။ ၎င်း တို့ အနေ နှင့် ထို သင်္ဘောအကြောင်း လုံးဝ မသိသလို သင်္ဘော နှင့် တစုံတရာ ဆက်စပ်မှု မရှိကြောင်း မြန်မာ အာဏာပိုင်များ က ပြောဆို ခဲ့သည်ဟု သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။

Kang Nam အမှတ် ၁ သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်လာခြင်း မဟုတ်ဟု ဆိုသော်လည်း အခြားသော မြောက်ကိုရီးယားပိုင် သင်္ဘောတစ်စင်း မှာ ဆန်အိတ်များ တင်ပို့မှု ပြုလုပ်ရန် အိန္ဒိယ နိုင်ငံဘက်မှ စတင် ခုတ်မောင်း လာနေပြီး ဇွန်လ (၂၇) ရက်နေ့ တွင် မြန်မာ ဆိပ်ကမ်းသို့ ရောက်ရှိ နိုင်ကြောင်း ရေးသား ဖေါ်ပြ ရှိထားသည်ကို သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here