မွမ်ဘိုင်း အကြမ်းဖက်မှု တရားခံ ဖမ်းဆီးရေး ပါကစ္စတန်အား အိန္ဒိယ အကူအညီတောင်း

alt

မွမ်ဘိုင်း အကြမ်းဖက် မှုကြီးတွင် နောက်ကွယ်မှ အဓိက ကြိုးကိုင် ခဲ့သူဟု ယူဆရသော အစ္စလမ် ဘာသာရေး အစွန်းရောက် စစ်သွေးကြွ ခေါင်းဆောင်အား ဖမ်းဆီး ရမိရေးတွင် ပူးပေါင်း ကူညီပါရန် ပါကစ္စတန် နိုင်ငံအား အိန္ဒိယ အစိုးရက တိုက်တွန်း လိုက်သည်။

အိန္ဒိယ တရားရုံး တစ်ခုသည် အဆိုပါ ကမာ္ဘကျော် အကြမ်းဖက်မှုကြီးတွင် ပါ၀င် ပတ်သက်ဖွယ် ရှိသော ပါကစ္စတန် နိုင်ငံသား (၂၂) ဦး၏ စာရင်းကို ဇွန်လ (၂၃) ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ရာ ဂျမက် အက်ဒါ၀ီ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဟာဖစ် မိုဟာမက် ဆာအိ မှာ တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။

(၂၀၀၈)ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က ဖြစ်ပွားခဲ့သော မွမ်ဘိုင်းမြို့ အကြမ်းဖက်မှုကြီးတွင် ဟာဖစ်သည် နောက်ကွယ်မှ စေခိုင်းသူ ဖြစ်နိုင်သည်ဟု အိန္ဒိယ ထောက်လှမ်းရေးက ယုံကြည်လျှက် ရှိပြီး ပါကစ္စတန် နိုင်ငံကိုလည်း ဟာဖစ်အား ရှာဖွေရေး အတွက် အကူအညီ ပေးရန် ဇွန်လ (၂၄)ရက်နေ့တွင် တိုက်တွန်း နှိုးဆော်လိုက်သည်။

သို့သော်လည်း ပါကစ္စတန် တရားရေးဌာန ကမူ ဟာဖစ်တွင် လူ(၁၇၅)ဦး သေဆုံးစေခဲ့သည့် မွမ်ဘိုင်း အကြမ်းဖက်မှုကြီးနှင့် ဆက်နွယ် နေဟန်မရှိဟု သုံးသပ်ကာ ယခုလ အစောပိုင်းက ၎င်းအတွက် ထုတ်ပြန်ထားသော ၀ရမ်းကိုပင် ရုတ်သိမ်း ထားပြီးဖြစ်သည်။ အိန္ဒိယ အစိုးရသည် ယခုထပ်မံ ထုတ်ပြန်လိုက်သော အလိုရှိသူ (၂၂)ဦး စာရင်းအရ လူ(၃၈)ဦးအား အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်နွယ်ပြီး အလိုရှိနေကြောင်း သိရသည်။

ပါကစ္စတန် နိုင်ငံသည် အကြမ်းဖက်မှုကြီးအား စုံစမ်း စစ်ဆေးမှုတွင် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းပါ၀င်ရန် အဆင်သင့်ရှိကြောင်း ပြောဆိုထားသော်လည်း တရားခံများကို ရှာဖွေ ဖမ်းဆီးရာတွင် ပြစ်မှု အထောက်အထား ခိုင်လုံကြောင်း သက်သေပြရန် တောင်းဆိုခဲ့သည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here