အိုဘားမား ပုံတူ ရေးဆွဲခဲ့သည့် ပန်းချီပညာရှင် ဒေါ်စု ပုံတူကို ဖန်တီး

alt

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ၏ ပုံတူ ကို ရေးဆွဲ ထားသည့် Hope အမည်ရှိ ပန်းချီကားဖြင့် ကမာ္ဘကျော်ခဲ့သူ အမေရိကန် ပန်းချီဆရာ သည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ၏ ရုပ်ပုံအား အလားတူ ရေးဆွဲ ဂုဏ်ပြု လိုက်ကြောင်း သိရှိရသည်။

လော့စ်အိန်ဂျယ်လိစ်မြို့မှ ရှားပတ်ဖဲရီး က စစ်အာဏာရှင် အစိုးရအား ဆန့်ကျင် တော်လှန်နေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လေးစား ဂုဏ်ပြုသည့် အနေနှင့် ပြယုဂ်တစ်ခု သဖွယ် ဤပန်းချီပုံကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထို ပန်းချီပုံသည် ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လှုပ်ရှားမှုများကို ကမာ္ဘ့နိုင်ငံ အသီးသီးက ပိုမို အာရုံစိုက် လာအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ဖဲရီးက ပြောကြားခဲ့သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သော (၁၉) နှစ်အတွင်း (၁၃) နှစ်တာမျှသော အချိန်ကာလကို နေအိမ် အကျယ်ချုပ်တွင် ဖြတ်သန်း ကုန်လွန် ခဲ့ရရှာသည်။ ယခုလည်း မြန်မာ စစ် အစိုးရက မတရား အကွက်ဆင်မှု တစ်ခုဖြင့် သူမအား အင်းစိန်ထောင်တွင် တရားစွဲဆို မေးမြန်း စစ်ဆေးနေပြီး နောက်ထပ် ထောင်ဒဏ် (၅) နှစ်မျှ ချမှတ်ရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

ဖဲရီးက ၎င်းအတွက် ဒေါ်အောင်ဆန်းစုကြည် ၏ ပုံကို ရေးဆွဲခွင့် ရခြင်းသည် အလွန် ဂုဏ်ယူရမည့် အခြေအနေ တစ်ရပ်အဖြစ် မှတ်ယူထားကြောင်း ပြောကြားလိုက်ပြီး၊ နာမည်ကြီး ပန်းချီဆရာ သည် ယခု လောလောဆယ်တွင် AFP သတင်းဌာန နှင့် တရား ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အကြောင်းမှာ ၎င်း ရေးဆွဲထားသည့် အိုဘားမား ၏ Hope ပုံတူ ပန်းချီကားသည် AFP မှ ပိုင်ဆိုင်သော ဓာတ်ပုံ တစ်ခုကို အခြေခံကာ ကူးယူရေးဆွဲ ထားခြင်းကြောင့် ဖြစ်ကြောင်း သတင်း ရရှိသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here