ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ အဖြစ် IBM ဦးဆောင်နေ

alt

ကမာ္ဘ့ အမြန်ဆုံး စူပါ ကွန်ပျူတာများ စာရင်းတွင် IBM ကုမ္မဏီကြီး၏ Road runner က ထိပ်ဆုံးမှ ဆက်လက် ဦးဆောင် နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ Los Alamos အမျိုးသား ဓာတ်ခွဲခန်း ဌာနတွင် တည်ရှိသော ကွန်ပျူတာသည် ကမာ္ဘ့ အမြန်ဆုံး ကွန်ပျူတာ (၅၀၀) စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေခဲ့သည်။ ဇွန်လ (၂၄) ရက်နေ့က ကျင်းပခဲ့သည့် (၂၀၀၉) ခုနှစ် စူပါကွန်ပျူတာ ဆိုင်ရာ ကွန်ဖရင့်တွင် Cray ၏ Jaguar XT5 ကွန်ပျူတာက Road runner နောက် ဒုတိယတွင် ရပ်တည်နေကြောင်း ကြေညာခဲ့သည်။

ထိပ်ဆုံး ကွန်ပျူတာ (၁၀)ခုစာရင်းတွင် စူပါကွန်ပျူတာ (၂)ခု အသစ်ဝင်ရောက်လာပြီး နှစ်ခုစလုံးမှာလည်း IBM မှပိုင်ဆိုင်သော Jugene နှင့် Juropa ကွန်ပျူတာများဖြစ်ကြောင်း သိရသည်။

ထိုကွန်ပျူတာများကို Novascale နှင့် Sun Microsystem တို့က ပူးပေါင်း တည်ဆောက်ခဲ့ပြီး Server အနေနှင့် Sun Blade x6048 ကို အသုံးပြုထားကြောင်း IBM ကဆိုသည်။ IBM အနေနှင့် Road runner ၏ အမြန်နှုန်းဖြစ်သော (1.105) petaflops အတွက် ဂုဏ်တက်ခဲ့သလို ဂျာမနီနိုင်ငံရှိ ကွန်ပျူတာများဖြစ်သော Jugene က (825.5) teraflops နှင့် Juropa က (274.8) teraflops စီ မြန်နှုန်းရှိကြောင်း မှတ်တမ်းတင် ခံခဲ့ရသည်။

Road runner သည် (၂၀၀၈)ခုနှစ်၊ ဇွန်လ အတွင်းက ပထမဆုံးအကြိမ် petaflop အဆင့် မြန်နှုန်းသို့ ရောက်ရှိနိုင်ခဲ့သည်။ Cray ၏ Jaguar သည်လည်း မြန်နှုန်းအဆင့် (1.059) petaflops ဖြင့် IBM အား ဆက်လက် ဖိအားပေးနေဆဲ ဖြစ်သည်။ မြန်နှုန်းမြင့် ကွန်ပျူတာ ထိပ်ဆုံး (၅၀၀) စာရင်းတွင် အရေအတွက် အားဖြင့် Hewlett-Packard က အများဆုံးဖြစ်ပြီး ထိုအလုံး (၅၀၀) အနက် အမေရိကန်တွင် ထားရှိသော အရေအတွက်မှာ (၂၉၁)လုံး ဖြစ်သည်။

ထို့အပြင် ထိပ်ဆုံးအလုံး (၅၀၀) မှ (၃၈၃) လုံးသော စူပါ ကွန်ပျူတာများသည် Quad-Core Processor ကို အသုံးပြုထားသည့် System များဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here