မိကျောင်း ရန်ကြောင့် ပြင်သစ် ကျေးရွာလေးတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်

alt

မိကျောင်း တစ်ကောင်၏ အရိပ်အခြေကို တွေ့မြင် ရပြီးနောက် ပြင်သစ်ရှိ ကျေးရွာတစ်ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာ ထားရကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ ဇာတစ်ဂနီ ကျေးရွာမှ ရေကန်တစ်ခုတွင် မိကျောင်း တစ်ကောင် ရှိနေကြောင်း တွေ့မြင် ခဲ့ရပြီးနောက် ယခုကဲ့သို့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ကာ မိကျောင်းကိုလည်း သက်ဆိုင်ရာက လိုက်လံ ရှာဖွေနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

၎င်းတို့သည် ကြက်တစ်ကောင်ဖြင့် မိကျောင်းကို ထောင်ဖမ်းခဲ့သော်လည်း ပါးနပ်သော အဆိုပါ သတ္တဝါမှာ လွတ်မြောက် သွားသဖြင့် မိကျောင်းဘေးမှ စိတ်မအေး ရသေးကြောင်း ကျေးရွာနေ လူထုက ပြောကြားခဲ့ကြသည်။

ထိုမိကျောင်းသည် တစ်မီတာခွဲမျှ အရှည်ရှိကြောင်း မြင်တွေ့ ခဲ့ရသူများက ပြင်သစ်အင်ဖို ရေဒီယိုသို့ ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် မိကျောင်းများ နေထိုင် ကျက်စားလေ့ မရှိဘဲ တိရစာ္ဆန်ရုံနှင့် သဘာဝဥယျာဉ် များတွင်သာ တွေ့ရလေ့ ရှိသောကြောင့် ယခုမိကျောင်း မည်သည့်နေရာမှ ရောက်ရှိလာခြင်း ဖြစ်သည်ကို မခန့်မှန်း နိုင်ကြသေးပေ။

ထိုဒေသရှိ သတင်းဌာန တစ်ခုဖြစ်သော Est Republicain က Blog တစ်ခုထောင်ပြီး ရေကန်အတွင်းမှ မိကျောင်းကို ရှာဖွေနေမှု လုပ်ငန်းစဉ်များကို အချိန်နှင့် တပြေးညီ ဖော်ပြနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here