ရှိုင်းလီဘော့နှင့် မီဂန်ဖော့စ်တို့ ချစ်သူတွေ ဖြစ်နေကြဟု သတင်းထွက်နေ

alt

Transformers ဇာတ်ကားတွင် အတွဲညီ ခဲ့ကြသော ရှိုင်းလီဘော့ နှင့် မီဂန်ဖော့စ်တို့ နှစ်ဦးသည် ချစ်သူများ ဖြစ်နေကြဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

ဇွန်လ (၂၂)ရက်နေ့ နံနက် အစောပိုင်းက လီဘော့၏ အိမ်ရှေ့တွင် ရောက်ရှိ နေသည့် ဖော့စ်၏ မော်တော်ကားကို တွေ့ရှိခဲ့ရပြီး နောက် ထိုသို့သော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း ဖော့စ် အနေနှင့် လီဘော့၏ အိမ်တွင် ညအိပ်ခဲ့ခြင်း ရှိမရှိကိုမူ အသေအချာ မသိရှိရသေးပေ။ ၎င်းတို့ နှစ်ဦးသည် မိတ်ဆွေများ ဖြစ်ကြသော်လည်း မကြာသေးမီကမှ ဖော့စ်က သူမသည် ဘရိုင်ယန် အော်စတန်ဂရင်းနှင့် လမ်းခွဲခဲ့ပြီးနောက် လက်တွဲဖော် တစ်ဦး ရှာနေကြောင်း ပြောကြားထားရာ လီဘော့နှင့် ဇာတ်လမ်း ဖြစ်လာနိုင်ကြောင်း အများစုက သုံးသပ်ခဲ့ကြသည်။

ထို့အပြင် ထိုနေ့က ဖော့စ်နှင့် လီဘော့ တို့နှစ်ဦးသည် ကော်ဖီဆိုင် တစ်ဆိုင်သို့ အတူသွားရောက်ပြီး ပျော်ရွှင်ကြည်နူးစွာ စားသောက် နေကြသည်ကို တွေ့မြင်ခဲ့သူ အတော် များများကလည်း စတားနှစ်ဦးမှာ ချစ်သူ ဖြစ်နေလောက်ပြီဟု သုံးသပ်ခဲ့ကြသည်။

ဖော့စ် နှင့် လီဘော့တို့ နှစ်ဦးစလုံးသည် Transformers – ၂ ဇာတ်ကား အတွက် ဥရောပနိုင်ငံများသို့ အထူးပွဲများ သွားရောက်ပြသရင်း ရင်းနှီးမှု ပိုမို ရရှိလာသောကြောင့် ယခုအခါ မိတ်ဆွေဘဝမှ ချစ်သူဘဝသို့ တက်လှမ်းလာခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် အတင်းအဖျင်း ၀ဘ်ဆိုဒ် အချို့က ရေးသား ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here