ကမ္ဘာတဝှမ်း အငတ်ဘေး အခြေအနေ ကုလသမဂ္ဂ ပြောကြား

alt

ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ကမာ္ဘ့ လူဦးရေ၏ (၆)ပုံ (၁)ပုံသည် စိုးရိမ် လောက်ဖွယ် အငတ်ဘေး ပြဿနာ များနှင့် ကြံုတွေ့ နေရကြောင်း ပြောကြား လိုက်သည်။

ကမာ္ဘ့ စီးပွားရေး အရှိန်အဟုန်နှင့် ကျဆင်း နေမှုသည် အဆိုပါ အခြေအနေကို ပိုမို ဆိုးရွား စေခဲ့ကြောင်း ကုလသမဂ္ဂ က ဆိုသည်။ ငတ်မွတ် ခေါင်းပါးမှု ကြံုတွေ့ နေရသူ အရေအတွက်သည် ယခင်နှစ် ကထက် သန်း(၁၀၀)မျှ ပိုတိုး လာကြောင်းလည်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူ များက ပြောကြားခဲ့ကြသည်။

ယခုအခါ လူပေါင်းသန်း (၁၀၀၀) အထိ ငတ်မွတ်မှုကို ခံစားနေရကြောင်း၊ ထို အရေအတွက်သည် ကမာ္ဘပေါ်ရှိ လူ(၆)ဦး တိုင်းတွင် တစ်ဦးမှာ ငတ်မွတ် ဆင်းရဲနေသည့် သဘောပင်ဖြစ်ပြီး ကမာ္ဘ့ အနာဂါတ်အတွက် ကြောက်စရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာ စေခဲ့ကြောင်းလည်း သိရှိရသည်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ တစ်ခုဖြစ်သည့် အစားအစာ နှင့် လယ်ယာ စိုက်ပျိုးမှုဆိုင်ရာ အဖွဲ့အစည်းမှ အကြီးအကဲ ဂျက်ကွက် ဒိုင်အော့ဖ်က ယခုကဲ့သို့ ငတ်မွတ်သူဦးရေ တိုးတက်လာခြင်းသည် စီးပွားရေး ကျဆင်းခြင်း၊ အစားအသောက် ဈေးနှုန်းများ ထိုးတက်လာခြင်း တို့အပြင် နိုင်ငံရေး မတည်ငြိမ်မှု များကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။

ယမန်နှစ် အတွင်း ကမာ္ဘ့နိုင်ငံ (၃၀)ခန့်တွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့သည် ငတ်မွတ်မှု ဘေးနှင့် ဆက်စပ်လျှက်ရှိကြောင်း ဒိုင်အော့ဖ်က နှိုင်းယှဉ်ပြ သွားခဲ့သည်။ ထို့အပြင် နောက်ပိုင်းတွင် ကြံုနေရသည့် ကမာ္ဘ့ အငတ်ဘေးသည် ဒေသအလိုက် ဖြစ်ပွားနေခြင်းမျိုး မဟုတ်တော့ဘဲ ကမာ္ဘ့ နေရာအနှံ့သို့ အရှိန်အဟုန်နှင့် ပြန့်နှံ့ နေခြင်းဖြစ်ကြောင်း ဒိုင်အော့ဖ်က ရှင်းလင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here