အမေရိကန် နိုင်ငံတွင် ရထားတိုက်မှုကြီး ဖြစ်ပွား

alt

အမေရိကန် နိုင်ငံ၊ ၀ါရှင်တန်ဒီစီ မြို့တော်တွင် ရထားနှစ်စင်း တိုက်မိကြရာ လူ (၉) ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဇွန်လ (၂၂) ရက်နေ့ ညနေပိုင်း အချိန်တွင် ဖြစ်ပွားခဲ့သော ရထားတိုက်မှု အတွင်း ဒဏ်ရာရသူ အများအပြား ရှိနေကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မြို့တွင်း သယ်ယူပို့ဆောင်ရေး ရထားနှစ်စင်း ယခုကဲ့သို့ တိုက်မိမှုသည် ဖြစ်နိုင်ချေ အလွန် နည်းပါးသော်လည်း မတော်တဆ ဖြစ်ပွားခဲ့ကြောင်း ၀ါရှင်တန်ဒီစီ မြို့တော်ဝန် အက်ဒရီယန် ဖန်တေး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မီးသတ်နှင့် ကယ်ဆယ်ရေး ၀န်ထမ်းများသည် ရထားနှစ်စင်းမှ သေဆုံးသူများ နှင့် ဒဏ်ရာ ရသူများကို ဆွဲထုတ် နေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ ရှိသူများက ဆိုသည်။ မီးသတ်ဌာန အကြီးအကဲ ဒန်နီရူဘန်းက ဒဏ်ရာ ရရှိသူ (၇၀) ထက်မနည်းကို ဆေးရုံများသို့ တင်ပို့ခဲ့ရကြောင်း ပြောဆိုသွားသည်။

မြို့တော်ဝန် ဖန်တေး က လူစီးရထားမှာ လမ်းဖြတ် တခုတွင် အခြား ရထားတစ်စင်း ဖြတ်သန်းနေ သဖြင့် ရပ်တန့် စောင့်ဆိုင်းနေစဉ် နောက်မှပါလာသော ရထားက တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရထားတိုက်မှု ဖြစ်ပွားရာ ဒေသသည် မီးရထားလမ်းဖြတ် အများအပြား ရှိပြီး မြို့တွင်း မီးရထားဌာန၏ အလုပ်အများဆုံး အဖြစ် သတ်မှတ်ခံရသည့် နေရာ တခုဖြစ်ကြောင်း မြို့တော်ဝန် က ဆိုသည်။

ယခု အချိန်တွင် အလောင်း (၉) လောင်းကို ရထား အပျက်အစီးများကြားမှ ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်ကာ နောက်ထပ် သေဆုံးသူ အရေအတွက် တိုးလာ နိုင်သေးကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here