အင်္ဂလန် နိုင်ငံ အူလ်စတာ (ulster) တက္ကသိုလ်မှ ဒေါ်စုအား ဥပဒေ ဆိုင်ရာ ဒေါက်တာဘွဲ့ချီးမြှင့်

alt

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အင်္ဂလန် နိုင်ငံ အူလ်စတာ (ulster) တက္ကသိုလ်မှ အမြင့်ဆုံး ဥပဒေ ပညာရှင်ဆုကို ဂုဏ်ပြု ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားကို လာမည့် ဂျူလိုင်လ ရ ရက်၊ ကြာသပတေး နေ့တွင် ဒယ်ရီ ထောင်စုနှစ် စင်မြင့် ( Derry’s Millennium Forum ) ၌ ကျင်းပ ပေးအပ်မည် ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါ ဆုပေးပွဲ မတတ်ရောက် နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မြရာဇာလင်း က ( Mra Razam Linn ) လက်ခံ ရယူပေးမည် ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားသည့် မိန့်ခွန်းကို အဆိုပါ ဘွဲ့နှင်းသဘင်တွင် ဖတ်ကြားမည်ဟု ဒယ်ရီဂျာနယ် (derryjournal) တွင် ရေးသား ဖေါ်ပြထားသည်။

အဆိုပါ အခမ်းအနားတွင် သီချင်းရေးဆရာ၊ တူရိယ ပညာရှင်၊ အဆိုတော် ပေါလ်ဘရ့်ဒီ ( Paul Brady) ကို စာပေဆိုင်ရာ ထူးချွန်ဆု အပ်နှင်းမည် ဖြစ်သကဲ့သို့၊ အူလ်စတာ (ulster) တက္ကသိုလ် မှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအားလည်း ဘွဲ့များ ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဗဟို တရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တင်ပြထားသော သက်သေ ထွက်ဆိုခွင့် အယူခံအတွက် နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပြီး၊ စီရင်ချက် မချမှတ်သေးကြောင်း၊ သောကြာနေ့ အင်းစိန် အထူးတရားရုံး ၏ တရားခွင်ကို ရွှေ့ဆိုင်း ပေးရဦးမည် ထင်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း က လူထုအသံအား ပြောဆိုခဲ့ပါ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သော (၁၉) နှစ်တာ ကာလအတွင်း စုစုပေါင်း အချိန် (၁၃) နှစ်ကျော်ကို နေအိမ် အကျယ်ချုပ်ဖြင့် အထီးကျန်စွာ ဖြတ်သန်း ခဲ့ရသော်လည်း သူမ၏ ဒီမိုကရေစီ မျှော်လင့်ချက်များ မှာ အားပျော့ မသွားဘဲ ခိုင်မာစွာ တည်ရှိနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here