Forbes စစ်တမ်းတွင် တနှစ်တာ ဝင်ငွေ အကောင်းဆုံး မင်သားအဖြစ် ဟယ်ရီဆင်ဖို့ဒ် ရပ်တည်

alt

Forbes မဂ္ဂဇင်းကြီး က ဟောလီးဝုဒ် ရုပ်ရှင် မင်းသားများ၏ တစ်နှစ်တာ အတွက် ၀င်ငွေစာရင်းကို တွက်ချက် ကောက်ခံခဲ့ရာ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် က ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

Forbes က ယခု စာရင်းသည် (၂၀၀၈) ခုနှစ်၊ ဇွန်လ မှ (၂၀၀၉) ခုနှစ် ဇွန်လ အတွင်း ရိုက်ကူးခဲ့သော ဇာတ်ကားများမှ ရရှိသော ၀င်ငွေများသာ အကြံုးဝင်ကြောင်း ပြောကြားခဲ့သည်။ ဟယ်ရီဆန်ဖို့ဒ် မှာ အသက် (၆၆)နှစ် ရှိပြီဖြစ်ပြီး ပြီးခဲ့သော တစ်နှစ်တာ ကာလအတွင်း Indiana Jones: The Kingdom of the Crystal Skull ဇာတ်ကား တစ်ခုတည်းကိုသာ ရိုက်ကူးခဲ့သော်လည်း ထိုဇာတ်ကားမှ ပေါင်(၄၃.၃)သန်း ရရှိခဲ့ခြင်းကြောင့် ထိပ်ဆုံးနေရာမှ ရပ်တည် နိုင်ခြင်းဖြစ်သည်။

မင်းသားကြီး၏ နောက်ဆုံး ရုံတင်နေသော ဇါတ်ကားမှာ Crossing Over ဇါတ်ကား ဖြစ်ပြီး ဒုတိယ နေရာတွင် အလန်ဆန်ဒလာ က ပေါင် (၃၆.၆)သန်းဖြင့် ဒုတိယ၊ ၀ယ်စမစ်က ပေါင် သန်း(၃၀)ဖြင့် တတိယ ရှိနေခဲ့သည်။ Forbes မှ ကောက်ခံရရှိသော တစ်နှစ်တာ အတွင်း ဇာတ်ကား ရိုက်ကူးခ အများဆုံး ရရှိခဲ့သည့် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား (၁၀)ဦးမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ ဟယ်ရီဆင်ဖို့ဒ် – ပေါင်(၄၃.၃)သန်း

၂။ အဒမ်ဆန်ဒလာ – ပေါင်(၃၆.၆)သန်း

၃။ ၀ယ်စမစ် – ပေါင်(၃၀)သန်း

၄။ အက်ဒီမာဖီ – ပေါင်(၂၆.၆)သန်း

၅။ နီကိုလတ်ကေ့ရှ် – ပေါင်(၂၆.၆)သန်း

၆။ တွမ်ဟင့် – ပေါင်(၂၃.၃)သန်း

၇။ တွမ်ခရုစ် – ပေါင်(၂၀)သန်း

၈။ ဂျင်ကာရေး – ပေါင်(၁၈.၆)သန်း

၉။ ဘရက်ပစ် – ပေါင်(၁၈.၆)သန်း

၁၀။ ဂျွန်နီဒိပ် – ပေါင်(၁၈.၆)သန်း

LEAVE A REPLY

Please enter your comment!
Please enter your name here