ရီဟားနား အား ရိုက်နှက်သည့် အမှုအတွက် ခရစ်ဘရောင်း ပြစ်ဒဏ် ချမှတ်ခံရ

alt

ခရစ်ဘရောင်း ၏ အမှုအတွက် နောက်ဆုံး စီရင်ချက်ကို ဇွန်လ (၂၂)ရက် နေ့က ချမှတ်ခဲ့ရာ ထောင်ဒဏ်မှ ကွင်းလုံးကျွတ် လွတ်သွား ခဲ့သော်လည်း အများ အကျိုးပြု

လုပ်ငန်းများ အတွက် (၆)လကြာ လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

လော့စ်အိန်ဂျယ်လိစ် ဗဟိုတရားရုံး က ထိုနေ့တွင် အဆုံးသတ် စီရင်ချက် ချမှတ်ရန် ဘရောင်း၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် ချစ်သူဟောင်း ရီဟားနား ကိုပါ ဆင့်ခေါ်ခဲ့ပြီး အမှုကို အသေအချာ ကြားနာ စေခဲ့သည်။ ထို့နောက်တွင် ဘရောင်း သည် ရီဟားနားကို ရိုက်နှက် ခဲ့သည်ဟု ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ကာ ယခု စီရင်ချက်ကို ချမှတ်ခဲ့သည်။

ဘရောင်းဘက်မှ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးသည့် မတ်ဂရာကိုး က ဘရောင်းသည် ပြစ်ဒဏ်အတွက် လမ်းမများနှင့် တိုက်နံရံများတွင် ရေးဆွဲထားသည့် ဆေးမှုတ် ပန်းချီပုံများကို လိုက်ဖျက်ကာ သန့်ရှင်းရေး ဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။

ဘရောင်းသည် (၃)လ အကြာတွင် ၎င်း၏ အမှုကိုင်အရာရှိနှင့် သွားရောက် တွေ့ဆုံပြီး သတင်းပို့ရမည် ဖြစ်သည်။ ထိုနေ့က တရားခွင်တွင် ဘရောင်းသည် ရီဟားနား အား စေ့စေမျှပင် ့မကြည့်ဘဲ မျက်နှာ လွှဲနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ထိုနေ့က တရားရုံး အပြင်ဘက်တွင် သတင်းထောက် (၅၀)မျှ ရောက်ရှိနေပြီး တရားခွင် ထဲဝင်ရန် အသည်းအသန် ကြိုးပမ်းခဲ့သဖြင့် လုံခြံုရေးများက တားဆီး ခဲ့ရသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here