ရိုးမား ၏ စိတ်ဝင်စား ခံရမှုကို ရှက်ချင်ကို ကြိုဆို

alt

ချဲလ်ဆီး အသင်းမှ တိုက်စစ်မှူး အင်ဒရီ ရှက်ချင်ကိုက ၎င်းအား စီးရီးအေ ထိပ်သီး ရိုးမားအသင်းက စိတ်ဝင်စားနေမှုအား ကြိုဆိုပါကြောင်း ပြောကြားလိုက်သည်။

အသက် (၃၂)နှစ်အရွယ် ယူကရိန်း လက်ရွေးစင် တိုက်စစ်မှူးသည် ပြီးခဲ့သော ဘောလုံးရာသီ အတွင်း ချဲလ်ဆီးမှ အေစီမီလန်သို့ အငှားလာရောက် ကစားခဲ့သော်လည်း ခြေစွမ်း မပြနိုင်သဖြင့် အရံခုံတွင် ရုန်းကန် နေခဲ့ရသည်။

ရှက်ချင်ကိုက ၎င်းသည် ဇူလိုင်လ (၉)ရက်နေ့တွင် ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များ အတွက် ချဲလ်ဆီးသို့ ပြန်ရမည် ဖြစ်ပြီး ထိုအချိန်တွင် ရိုးမားသို့ ပြောင်းဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရှက်ချင်ကို သည် အေစီမီလန်နှင့် အတူ စီးရီးအေတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း ချဲလ်ဆီးသို့ ပြောင်းရွှေ့ပြီး နောက်ပိုင်း ခြေစွမ်း ကျဆင်းလာသလို ၎င်းအောင်မြေ ကလပ်အသင်းသို့ အငှား လာရောက်ခဲ့ချိန်တွင်လည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံး နေခဲ့ရသည်။

သို့သော်လည်း ရိုးမား အသင်းကမူ ရှက်ချင်ကို အား မူလခြေစွမ်းမျိုး ပြန်လည် ရရှိအောင် ကူညီနိုင်မည်ဟု ယုံကြည်နေပြီး ကမ်းလှမ်းမှု တရပ် ပြုလုပ်သွားရန် စီစဉ်နေသည်။ ရှက်ချင်ကို ကိုယ်တိုင်ကလည်း ရိုးမားကသာ အမှန်တကယ် ကမ်းလှမ်းလာပါက လုပ်ခလစာ လျှော့ယူပြီး ပြောင်းရွှေ့ကစားရန် သဘောတူဖွယ် ရှိကြောင်း သိရသည်။

ရှက်ချင်ကိုက ရိုးမား အသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီ သည် ၎င်း၏ သူငယ်ချင်း တစ်ဦးဖြစ်ကြောင်း၊ ထိုသို့သော ကစားသမားမျိုးကို ပိုင်ဆိုင်ထားသည့် အသင်းတွင် သွားကစားရမည် ဆိုပါက အလွန် ဂုဏ်ယူမိမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here