Google Map ကြောင့် နယ်သာလန်မှ သူခိုး နှစ်ဦး အဖမ်းခံရ

alt

နယ်သာလန် လူမျိုး သူခိုးနှစ်ဦး သည် Google Map ကြောင့် အဖမ်း ခံလိုက်ရကြောင်း သိရှိရသည်။

ဂျော်ဂျီယာ နိုင်ငံ မြောက်ဘက်ပိုင်း မြို့ငယ် တစ်မြို့တွင် ကားခိုးရန် ကြံစည်နေသည့် အမြွှာညီအစ်ကို နှစ်ဦးကို Google ၏ Online မြေပုံ စနစ်ဖြစ်သည့် Google Map မှ ဓာတ်ပုံရိုက်ယူ မှတ်တမ်းတင် နိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို ညီအစ်ကိုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း အသက်(၁၄)နှစ် အရွယ် ကလေးငယ် တစ်ဦးထံမှ မိုဘိုင်းလ်ဖုန်းနှင့် ငွေသား (၁၆၅)ယူရိုကို ခိုးယူခဲ့ဖူးသည့် မှတ်တမ်းဟောင်း ရှိနေသည်။ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အသက်(၂၄)နှစ်စီ ရှိကြသည့် အဆိုပါ ညီအစ်ကို နှစ်ဦး ပြစ်မှု မကျူးလွန်မီမှာပင် Google Map အတွက် ဓာတ်ပုံရိုက်ယူသော ကင်မရာက မတော်တဆ မှတ်တမ်း တင်မိခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Google Map တွင် ပါ၀င်သော Street View အမည်ရှိ Feature သည် အနုစိတ် ကျလွန်းသော ဓာတ်ပုံများကို ရိုက်ကူး မှတ်တမ်း တင်နိုင်သဖြင့် Privacy အရ မလုံခြံုမှုများ ရှိနေကြောင်း ဝေဖန် ခံနေရသည့်တိုင် ယခုကဲ့သို့ ဒုစရိုက်မှုများကို ဖော်ထုတ်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေကြောင်း ရဲဌာနက ပြောကြားခဲ့သည်။

Street View အတွက် ဓာတ်ပုံများကို မော်တော်ကားတွင် တပ်ဆင်ထားသည့် ကင်မရာကဲ့သို့ မှတ်တမ်းတင် ကိရိယာများဖြင့် ရယူလေ့ရှိသည်။ ရဲတပ်ဖွဲ့သည် ဓာတ်ပုံ မှတ်တမ်းဖြင့် ခြေရာခံပြီးနောက် ထိုညီအစ်ကိုကို ဖမ်းဆီးနိုင်ခဲ့သလို ၎င်းတို့ကလည်း ပြစ်မှု ကျူးလွန်မိကြောင်း ၀န်ခံခဲ့ကြသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here