ရင်သားအလှ အတွက် ဗစ်တိုးရီးယား ဘက်ခမ်း ခွဲစိတ်မှု ခံယူ

alt

ဗစ်တိုးရီးယား ဘက်ခမ်း သည် သူမ ၏ ရင်သားများ ကို သေးငယ် သွားအောင် ခွဲစိတ်မှု တစ်ခု ခံယူခဲ့ကြောင်း သိရှိရသည်။

အသက် (၃၅) နှစ် အရွယ်ရှိ Spice Girls အဖွဲ့ အဆိုတော်ဟောင်းသည် သူမ ၏ ရင်သားအရွယ်ကို 34DD မှ 34B ထိ လျှော့ချခဲ့ခြင်း ဖြစ်သည်။ ယခု ခွဲစိတ်မှုကို ပြီးခဲ့သည့် လက ပြင်သစ်တွင် သွားရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမအတွက် (၃) ကြိမ်မြောက် ရင်သား ခွဲစိတ်မှု လည်းဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်ထုတ် The Sun သတင်းစာက ကမာ္ဘကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း ၏ ဇနီးသည် ရင်သားကြီးကြီး ပုံစံမျိုးကို နှစ်မြို့လေ့ မရှိကြောင်း ရေးသား ဖော်ပြခဲ့ဖူးသည်။ ဗစ်တိုးရီးယား ၏ မိတ်ဆွေအချို့က လက်ရှိ အချိန်တွင် ဒီဇိုင်နာ နှင့် မော်ဒယ် အဖြစ် ရပ်တည်နေသော ဗစ်တိုးရီးယား သည် ဆံပင်ထူထူ၊ တင်ပါးကြီးကြီး၊ ရင်သားကြီးကြီး ပုံစံမျိုး ကို အလွန် ရွံမုန်းကြောင်း The Sun သို့ ပြောဆိုခဲ့ဖူး၏ ။

သူမ ၏ ပကတိရင်သား အရွယ်အစား မှာ 34 A ဖြစ်သော်လည်း (၁၉၉၉) ခုနှစ်က တစ်ကြိမ် ခွဲစိတ်ပြီး 34 D သို့ ပြုပြင် ခဲ့သေးသည်။ နောက် (၂)နှစ် အကြာတွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ကာ 34 DD သို့ ပြုပြင် ခဲ့ရပြန်သည်။

အင်္ဂလန်မှ လာသော အခြား သတင်းတစ်ပုဒ်  အဆိုအရ ဗစ်တိုးရီးယားသည် ခင်ပွန်းသည်၊ သား (၃) ဦးတို့ နှင့် အတူ လက်ရှိ နေထိုင်သည့် လော့စ်အိန်ဂျလိစ် မှ ဗြိတိန်သို့ ပြန်လည် ပြောင်းရွှေ့ နေထိုင်နိုင်ရန် လန်ဒန် မြို့အတွင်း အိမ်တစ်လုံး ရှာဖွေ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here