āမြောက်ကိုရီးယား ဒုံးကျည်ရန် အတွက် အသင့်ပြင်ဆင်ပြီးဟု သမတ အိုဘားမား ပြောကြား

alt

အမေရိကန် သမတကြီး ဘာရက် အိုဘားမားက မြောက်ကိုရီးယားဘက်မှ ဒုံးကျည် ပစ်လွှတ် လာနိုင်သော အခြေအနေ အတွက် အမေရိကန် အနေနှင့် အပြည့်အဝ ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမေရိကန် နယ်မြေဖြစ်သော ဟာဝိုင်ယီ သို့ ဇူလိုင်လအတွင်း မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန် အစိုးရသည် အဆိုပါဒေသတွင် လုံခြံုရေး တိုးမြှင့် ဆောင်ရွက်ခဲ့သလို ဒုံးခွင်းဒုံး စနစ်များလည်း တပ်ဆင် ကာကွယ်ခဲ့သည်။

အမေရိကန် အစိုးရအနေနှင့် မြောက်ကိုရီးယားမှ တိုက်ခိုက်လာပါက စစ်ရေးအရ ချက်ချင်း အရေးယူရန် နှောင့်နှေးနေမည် မဟုတ်ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။ အိုဘားမားက ၎င်းတို့အနေနှင့် မြောက်ကိုရီးယားကို စတင် ကျူးကျော်ရန် အစီအစဉ် မရှိသော်လည်း မိမိနိုင်ငံ ရပ်တည်မှုကို ကာကွယ်နိုင်ရေး အတွက် လိုအပ်သော အနေအထား အားလုံးကို ပြင်ဆင်ထားကြောင်း အိုဘားမား ကဆိုသည်။

ဂျပန်နိုင်ငံထုတ် အဆာဟိ သတင်းစာက အမေရိကန်၏ လွတ်လပ်ရေးနေ့ ဖြစ်သော ဇူလိုင်လ (၄)ရက်နေ့တွင် မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ဖွယ်ရှိကြောင်း ဖော်ထုတ် ရေးသားခဲ့ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားကြား ဆက်ဆံရေး အခြေအနေမှာ အဆိုးရွား၊ အတင်းမာ ဆုံးသို့ ဦးတည်လာခဲ့သည်။

အမေရိကန် ပြည်သူများအား ဇွန်လ (၁၈) ရက်နေ့က သဘောထား ကောက်ခံခဲ့ရာ (၅၁) ရာခိုင်နှုန်းက မြောက်ကိုရီးယားသည် အမေရိကန်ကို ယခုထက်ပိုမို ခြိမ်းခြောက် လာနိုင်ကြောင်း ထင်ကြေးပေးခဲ့ပြီးနောက် အိုဘားမားက ယခုကဲ့သို့ တင်းမာသော တုန့်ပြန်မှုတစ်ခု ပြုလုပ်ရန် အသင့်ရှိနေသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ကမူ တောင်ကိုရီးယား သမတ အမေရိကန်သို့ သွားရောက်ခဲ့မှုနှင့် ပတ်သက်ပြီး အိုဘားမားနှင့် လီမြောင်ဘတ် တို့သည် အနုမြူ စစ်ပွဲတစ်ခု စတင်စေရန် ပူးပေါင်း ကြံစည်လျှက်ရှိကြောင်း စွပ်စွဲ ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here