မြန်မာ အမျိုးသမီးကြီး ကမ္ဘာ့အသက်ကြီးဆုံး လူသား ဖြစ်ဖွယ်

alt

ကမာ္ဘ့ အသက်အကြီးဆုံး လူသားဟု ယူဆ ရဖွယ် ရှိသည့် အမျိုးသမီးကြီး တစ်ဦးကို မြန်မာ နိုင်ငံတွင် တွေ့ရှိ ရကြောင်း ပြည်တွင်း သတင်း ဂျာနယ် တစောင်က ဖော်ပြ လိုက်သည်။

ဒေါ်မြကြည် အမည်ရှိ အဆိုပါ အဘွားအို သည် အသက်အားဖြင့် (၁၁၇) နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်မြကြည် သည် မန္တလေးတိုင်း ရှိ မယ်တော်စု ကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် ခင်ပွန်း သည် ဆုံးပါးသွားသဖြင့် မုဆိုးမ ဘဝဖြင့်သာ နေထိုင်သူ ဖြစ်သည်။ သမီးနှစ်ဦး ရှိသော်လည်း သမီးအကြီး မှာ မိခင် နှင့် အဆက်အသွယ် မရှိတော့ဟု ဆိုသည်။ သူမ သည် စိတ်သဘောထား ကောင်းမွန်သည့် အမျိုးသမီးကြီး တစ်ဦး ဖြစ်ကြောင်း ကျေးရွာလူထုမှ ထောက်ခံ ပြောဆို ခဲ့ကြပြီး ယခုအခါ ဒေါ်မြကြည် မှာ စေတနာရှင်များ ဆောက်လုပ် လှူဒါန်း ထားသည့် အိမ်တွင် နေထိုင်နေကြောင်း သိရှိရသည်။

ဒေါ်မြကြည် က သူမသည် ဘဝကို နိစ္စဓူဝ  ပုံမှန်သာ ဖြတ်သန်းနေခြင်း ဖြစ်ပြီး အသက်ရှည်ခြင်း အတွက် သီးသန့် လျှို့ဝှက်ချက်မျိုး မရှိကြောင်း ပြောကြားခဲ့သည်။ ဒေါ်မြကြည် သည် ယခု အချိန်ထိ မည်သည့် အစားအသောက်ကို မဆို ကောင်းမွန်စွာ စားသောက် နိုင်သော်လည်း ကျန်းမာရေး လိုအပ်ချက်ကြောင့် အချဉ်ကို ရှောင်ကြဉ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိ ကမာ္ဘ့အသက် အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံထားရသူမှာ ဗြိတိန် နိုင်ငံမှ ဟင်နရီအယ်လင်ဂမ် အမည်ရှိ အဘိုးအို ဖြစ်ပြီး ၎င်း၏ အသက်မှာ (၁၁၃) နှစ် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here