နီယ်ဒါ အမှတ်တရ ဆောင်ရွက်မှုများအား အီရန်အစိုးရ ပိတ်ပင်

alt

လွတ်လပ်ရေး၏ နတ်သမီးဟု တင်စား ခေါ်ဝေါ်ခြင်း ခံနေရသည့် နီယ်ဒါး အက်ဂါ ဆော်တန် ဆိုသည့် အီရန် မိန်းမပျိုလေး အတွက် အမှတ်တရ လုပ်ဆောင်မှုတိုင်း ကို အီရန် အစိုးရက လိုက်လံ ပိတ်ဆို့ တားဆီး နေကြောင်း သိရသည်။

အီရန်တွင် ဒီမိုကရေစီရေး ဆန္ဒပြသူများ အနက် ဖခင်နှင့် အတူ လိုက်ပါ ဆန္ဒပြခဲ့သော နီယ်ဒါး မှာ အီရန်စစ်ဘက် Sniper တစ်ဦး ၏ လက်ချက်ဖြင့် ရင်ဘတ် တွင် သေနတ်မှန်ကာ ဇွန်လ (၂၀) ရက်နေ့က သေဆုံးခဲ့ ရသည်။ သူမ၏ နောက်ဆုံး ပုံရိပ်ကို ဗီဒီယို ရိုက်ကူးပြီး အင်တာနက် ၀ဘ်ဆိုဒ်များတွင် လွှင့်တင်ခဲ့ပြီးနောက် နီယ်ဒါး အား လွတ်လပ်ရေး ၏ နတ်သမီး အဖြစ် အီရန် ပြည်သူများက သာမက ကမာ္ဘနှင့် အဝှမ်းတွင် တင်စား ခေါ်ဝေါ် ခဲ့ကြသည်။

အီရန် အစိုးရ အာဏာပိုင်များက နီယ်ဒါး၏ ပုံပါသော ပိုစတာများကို ကိုင်ကာ ဆန္ဒပြ နေကြသည့် လုပ်ရပ်များကို တားမြစ်ထားပြီး သူမ နှင့် ပတ်သက်သော ဖော်ပြချက် မှန်သမျှကို ပိတ်ပင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။

နီယ်ဒါး၏ နှာခေါင်း နှင့် ပါးစပ်မှ သွေးများယိုစီး အန်ထွက်နေစဉ် ဘေးမှ ဖခင်နှင့် အခြား အမျိုးသား တစ်ဦးက အားပေးနေသည့် ဗီဒီယိုမှာ ကမာ္ဘတဝှမ်းရှိ အင်တာနက် ၀ဘ်ဆိုဒ်များသို့ ပြန့်နှံ့ ရောက်ရှိခဲ့ပြီးနောက် နိုင်ငံအချို့တွင် အီရန် သမတ မိုဟာမက် အာမက်ဒီနီဂျက် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာသလို နီယ်ဒါး၏ သွေးစွန်းနေသော ပုံရိပ်များကို ကိုင်ဆောင်ကာ သူမအတွက် တရားမျှတမှု ပြန်ရလိုကြောင်း အော်ဟစ် ကြွေးကြော် ခဲ့ကြသည်။

ထိုသို့ နိုင်ငံတကာ ဖိအားများ တစထက်တစ ကြီးမား လာချိန်တွင် အီရန် သမတ သည် နီယ်ဒါး နှင့် ပတ်သက်ပြီး မည်သည့် ဖော်ပြမှုမှ မပြုလုပ်ရန် အာဏာသုံးပြီး လိုက်လံ တားဆီးလျှက် ရှိနေသေးသည်။ ထို့အပြင် ဆန္ဒပြသူများ ကိုလည်း ပြင်းထန်သော လူစုခွဲ နှိပ်ကွပ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု အီရန် အစိုးရက အတိအလင်း ခြိမ်းခြောက် စိန်ခေါ် ရာဇသံ ပေးထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here