A/H1N1 တိုက်ဖျက်ရေး ဆေးဝါး တရုတ်နိုင်ငံတွင် စတင် ဖော်ထုတ်နေ

alt

တရုတ်နိုင်ငံ သည် A/H1N1 ဗိုင်းရပ်စ် ကို တိုက်ဖျက်နိုင်မည့် ဆေးဝါးကို စတင်စမ်းသပ် ဖော်ထုတ် နေပြီဖြစ်ကြောင်း ဇွန်လ (၂၂) ရက်နေ့က ကြေညာ လိုက်သည်။

ကမာ္ဘ့ ကပ်ရောဂါ အဆင့်အထိ တိုးမြှင့်သတ်မှတ် ခံထားရသော တုပ်ကွေးရောဂါ အတွက် ကာကွယ်ဆေးနှင့် ကုဆေးများကို စက်တင်ဘာလခန့်တွင် ဈေးကွက် ဖြန့်ချီနို်င်မည်ဟု ယူဆထားကြောင်း ဟူနန် အခြေစိုက် ဟွာလန်း ဇီဝဆေးဝါး အင်ဂျင်နီယာဌာနက ပြောကြားလိုက်သည်။

၎င်းတို့ အနေနှင့် စက်တင်ဘာလ အတွင်း တစ်နေ့လျှင် ဆေးဝါးယူနစ် (၉၀၀၀၀) အထိ ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားပြီး ထို့နောက်တွင်မူ တစ်နေ့အတွက် ဆေးဝါးယူနစ် (၆၀၀၀၀၀) အထိ တိုးမြှင့် ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါဌာနမှ ပညာရှင် ဖန်ဘီးက ပြောကြားခဲ့သည်။ ဖန်ဘီးက ဆေးဝါးများကို ဇူလိုင်လ အတွင်းမှစပြီး ဆေးခန်းများတွင် စမ်းသပ်သုံးစွဲကာ ရလဒ်များကို မှတ်တမ်း ပြုစုသွားမည်ဟု ဆိုသည်။

ကာကွယ်ဆေး များသည် ဓာတ်ခွဲခန်း စစ်ဆေးမှုများအရ ကျေနပ်လောက်သော အနေအထားတွင် ရှိနေသော်လည်း လက်တွေ့ စမ်းသပ်မှုအချို့ လုပ်ကိုင်ရန် လိုအပ်သေးကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ထိုအစီအစဉ်ကို တရုတ်အစိုးရ လက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးလုံခြံုရေး ဌာနက ကြီးကြပ် ဆောင်ရွက်သွားမည်ဟု သိရသည်။ တရုတ်နိုင်ငံတွင် A/H1N1 တုပ်ကွေး ကူးစက်ခံရသူ (၄၁၄) ဦးအထိ ရှိနေပြီဖြစ်ပြီး နိုင်ငံအတွင်း အကြီးမားဆုံး ရောဂါ သတိပေးချက် ထုတ်ပြန် ကြေညာ ပေးထားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here