မွေးနေ့ ဆုမွန်များ အတွက် ဒေါ်စု ကျေးဇူးတင် စကားဆို

alt

မတရား အမှု စွဲဆိုခံ နေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ကမာ္ဘ့တဝန်း မှ သူမ အတွက် ကျင်းပ ပေးခဲ့ကြသည့် မွေးနေ့ပွဲ များနှင့် မွေးနေ့ ဆုမွန်များ အတွက် ကျေးဇူး တင်ရှိပါကြောင်း၊

သူမ နှင့် ယနေ့နံနက် (တနလာင်္နေ့) တွေ့ဆုံခဲ့ရသော ရှေ့နေ ဦးဉာဏ်ဝင်း မှ တဆင့် သတင်းစကား ပါးလိုက်ကြောင်း သိရသည်။

သူမ အနေနှင့် ပြည်တွင်း၊ ပြည်ပ မှ မိတ်ဆွေများအား ပြန်လည် ဖြေကြားနိုင်ခြင်း မရှိသေးသည့် အတွက် ယခုကဲ့သို့ လူကြုံစကား ပါးလိုက်ရကြောင်းကို ရှေ့နေ ဦးဉာဏ်ဝင်း က ဒေါ်အောင်ဆန်း စုကြည် နှင့် ၂ နာရီ ကြာတွေ့ဆုံ အပြီးတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။ သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ တရားခံပြသက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇွန်လ ၂၆ ရက် နေ့ ကို ချိန်းဆို ထားသော်လည်း၊ ဗဟိုတရားရုံး ၏ ဆုံးဖြတ်ချက် အပေါ် မူတည်ပြီး၊ တရား ရုံးရက်ချိန်း က ပြောင်းနိုင် ပါသေးတယ်။ ဗဟိုတရားရုံး က အမိန့် မချနိုင်သေးရင် နောက်ထပ် ထပ်ရက်ရွှေ့ ရဦးမှာပါ” ဟု ရှေ့နေ ဦးဉာဏ်ဝင်း က ပြောဆိုဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ စစ်အစိုးရက မတရား အမှုဆင် ဖမ်းဆီးထားခြင်း ကို ကမာ္ဘ နှင့် အဝှမ်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဥရောပယူနီယံ၊ ဩစတြေးလျ နှင့် အမေရိကန် နိုင်ငံ တို့က သူမကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ထပ်မံ တောင်းဆိုထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here