သာသနာ ညစ်နွမ်းစေမှုဖြင့် NLD အဖွဲ့ဝင် နှစ်ဦးကို ထောင်ဒဏ် ချမှတ်

alt

မြန်မာ စစ်အစိုးရ သည် အတိုက်အခံ NLD ပါတီမှ အဖွဲ့ဝင်(၂)ဦး ကို ဘာသာ သာသနာ  ညစ်နွမ်းစေမှုဖြင့် စစ်အစိုးရ ဩဇာခံ တရားရုံးမှ ထောင်ဒဏ် (၁၈) လ ချမှတ် လိုက်ကြောင်း သိရှိရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် အမှု ရင်ဆိုင်နေရဆဲ ကာလတွင် ယခုကဲ့သို့ သူမ ၏ ပါတီဝင်များ ကို မြန်မာ စစ်အစိုးရ က တရားစွဲဆို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်။

NLD ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည့် ဦးဉာဏ်ဝင်း က ဦးချစ်ဖေ နှင့် ဦးအောင်စောဝေ တို့အား ပြီးခဲ့သော သတင်းပါတ် အတွင်းက တရားရုံးမှ ထောင်ဒဏ် တစ်နှစ်ခွဲစီ ကျခံစေရန် အမိန့် ချလိုက်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးသည် တွံတေးရှိ ဘုရား တစ်ဆူတွင် ဘာသာရေး ဆုတောင်းပွဲတစ်ခု ဦးဆောင်ပြုလုပ်ခဲ့သည့် အတွက် ဧပြီလ အတွင်းက ဖမ်းဆီးခြင်း ခံခဲ့ရသူများ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် (၂၀၀၇) ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သော ရဟန်းသံဃာများ ဦးဆောင် ဆန္ဒပြသည့် ရွှေဝါရောင် တော်လှန်ရေးကြီး နောက်ပိုင်း ဘာသာရေး နှင့် ပတ်သက်ပြီး ညစ်နွမ်းစေမှုဖြင့် အရေးယူခြင်းမျိုး မကြာခဏ ပြုလုပ် လာခဲ့ရာ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ထောက်ခံ အားပေးသူများက မြန်မာ စစ်အစိုးရသည် ရိုးရာ အစဉ်အလာ အတိုင်း ဘုရားပုထိုးများတွင် ဆုတောင်း ၀တ်ပြုသူများအား ယခုကဲ့သို့ နိုင်ငံရေး နှင့် ရောထွေး စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရှုတ်ချ ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here