ဗန်ဒါဆား နေရာ အတွက် အစားထိုးရန် ကားဆီးလက် အား ကမ်းလှမ်းမည်

alt

မန်ချက်စတာ ယူနိုက်တက်အသင်းသည် အသင်းမှ အနားယူတော့မည့် ဂိုးသမားကြီး အက်ဒွင် ဗန်ဒါဆား ၏ နေရာတွင် အစားထိုးရန် ရီးရဲလ်အသင်း မှ စပိန်လက်ရွေးစင် ဂိုးသမား အီကာကား ဆီးလက် အား ကမ်းလှမ်း

သွားမည်ဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

စပိန် နှင့် ရီးရဲလ် တို့ ၏ အသင်း ခေါင်းဆောင်လည်း ဖြစ်သော ကားဆီးလက် သည် ငယ်ရွယ်ပြီး ကမာ္ဘ့ အကောင်းဆုံး စာရင်းဝင် ဂိုးသမား တစ်ဦး အဖြစ် ရပ်တည် နေခြင်းကြောင့် မန်ချက်စတာ နည်းပြကြီး ဆာအဲလက် ဖာဂူဆန် က မျက်စိကျ နေခြင်းဖြစ်သည်။

မန်ချက်စတာ အသင်း မှ ဒတ်ချ် လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ဗန်ဒါဆား မှာ လာမည့် အောက်တိုဘာလ တွင် အသက် (၃၉) နှစ် ပြည့် တော့မည် ဖြစ်သောကြောင့် ဖာဂူဆန် က ကမာ္ဘ့အဆင့် ဂိုးသမား တစ်ဦး ကို ရှာဖွေလျှက် ရှိသည်။ ကားဆီးလက် နှင့် ရာအူးလ် ဂွန်ဇာလက် တို့သည် ရီးရဲလ် ၏ ဂုဏ်ဆောင် ကစားသမားများ အဖြစ် ပရိသတ်က သတ်မှတ် ထားသော်လည်း ရီးရဲလ် ဥက္ကဌကြီး ဖလော်ရန်တီနို ပီရက်စ် က အီတလီစီးရီးအေ ရှိ ဂျူဗင်းတပ် မှ အီတလီ လက်ရွေးစင် ဂိုးသမား ဂီယန်လူဂီဘတ်ဖွန် ကို သဘောကျ နေကြောင်း သတင်းများ ထွက်ပေါ် နေသဖြင့် ဖာဂူဆန် က ကားဆီးလက် ကို ခေါ်ယူ နိုင်မည်ဟု မျှော်လင့်နေသည်။

ထို့အပြင် ရီးရဲလ်က ရီကာဒိုကာကာ နှင့် ခရစ်စတီယာနို ရော်နာဒိုတို့အတွက် ငွေကြေး အမြောက်အမြား သုံးစွဲထားသဖြင့် အသင်းမှ ကစားသမား အချို့ကို ပြန်လည် ရောင်းချရန် စီစဉ်နေရာ ဖာဂူဆန် အနေဖြင့် ကားဆီးလက် အား ရအောင်ခေါ်နိုင်မည်ဟု ယုံကြည် နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here