အဆိုတော် ရီဟားနား အား အိမ်နီးချင်းများက တရားစွဲဆို

alt

လူပြောများနေသော R & B တေးဂီတ အဆိုတော် ရီဟားနား အား အိမ်နီးချင်း တစ်ဦးက တရားစွဲဆို ထားကြောင်း သိရှိရသည်။ အသက် (၂၁) နှစ်အရွယ် R&B အဆိုတော်မလေး သည် အိမ်နီးချင်း တစ်ဦး၏ ပိုင်ဆိုင်မှုကို

ဖျက်ဆီးခဲ့သည် ဆိုသော စွဲချက်ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

ခရစ်စတီယန် မိုလာသည် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ရီဟားနား ဋ္ဌားနေသော အိမ် အနောက်ဘက်တွင် နေထိုင်သူဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ် တရားရုံးတော်မှ တဆင့် ရီဟားနား အား တရားစွဲခဲ့ခြင်း ဖြစ်သည်။ မိုလာ က ရီဟာနာသည် သူမ၏ကားကို အကြမ်းပတမ်း မောင်းနှင်ပြီး ၎င်း၏ အိမ်နှင့် ဒိုးယိုပေါက် ဖေါက်ထားသော အိမ်ရှေ့ ခြံစည်းရိုးကို တိုက်မိခဲ့ရာ ၎င်းအသေအချာ ပျိုးထားသည့် မြက်ခင်းပြင်လည်း ပျက်စီး သွားစေခဲ့ကြောင်း တရားရုံးသို့ လျှောက်ထားခဲ့သည်။

ရီဟားနားသည် စတီဖန် ယိုကာဘီယန်း၏ နေအိမ်အား ခေတ္တဋ္ဌားရမ်း နေထိုင်နေစဉ် ယခုကဲ့သို့ တရားစွဲခံရခြင်း ဖြစ်သည်။ ယိုကာဘီယန်း ရှိနေစဉ်က မိုလာ၏ နေအိမ်ကို  အမြဲတစေဖြတ်ပြီး မော်တော်ကား မောင်းသွားနေကျ ဖြစ်သည်။ ယိုကာဘီယန်း အား မိုလာက လိုလိုလားလား လက်ခံခဲ့သော်လည်း ရီဟားနား ကားမောင်း ကြမ်းမှုကြောင့်် မြက်ခင်းကို ဖြတ်ကြိတ်သွားကာ ခြံစည်းရိုးကိုပါ တိုက်မိသဖြင့် မိုလာက မကျေမနပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခု ကိစ္စတွင် ၎င်းနစ်နာခဲ့သမျှ ရီဟားနား ဘက်မှ ပြန်လည် ပေးလျော်ရမည်ဟု မိုလာက ဆိုသည်။ ရီဟာနာ၏ ကိုယ်ရေး အရာရှိကမူ ယခုကိစ္စ အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ထားခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here