ဗဟန်းမြို့နယ် ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လက်ပစ်ဗုံး တလုံးတွေ့

alt

ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် လက်ပစ်ဗုံး တစ်လုံး ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လက်ပစ်ဗုံးသည် ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် တူးဖော် ရရှိခဲ့ခြင်း ဖြစ်ပြီး

ပေါက်ကွဲနိုင်သည့် အန္တရာယ် မရှိတော့ဟု သိရသည်။

အလုပ်သမား များသည် မြေကြီးကို ခပ်နက်နက် တူးနေကြစဉ် ဒုတိယ ကမာ္ဘစစ် လက်ကျန်ပစ္စည်း ဖြစ်နိုင်သော အဆိုပါ ဗုံးအား ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုဗုံးသည် ရန်ကုန်သို့ ၀င်ရောက်ခဲ့သည့် ဂျပန်တပ်၊ (သို့မဟုတ်) မဟာမိတ် တပ်များမှ ကျန်ခဲ့ခြင်းဟု ယူဆရသော်လည်း မည်သည့် နိုင်ငံမှ ဖြစ်သည်ကို မသိရသေးပေ။

မြန်မာ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော်ဖြစ်သည့် မန္တလေးမြို့တွင်လည်း ဇန်နဝါရီလ အတွင်းက ဒုတိယကမာ္ဘစစ် လက်ကျန်ဗုံးကြီး တစ်လုံးကို ရှာဖွေတွေ့ရှိ ခဲ့ဖူးသေးသည်။ ထိုဗုံးကြီးအား မီးလောင် ပျက်စီးသွားသည့် ရတနာပုံ ဈေးကြီးအား ရှင်းလင်းစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပေါင် (၁၃၀၀) ကျော်လေးသည့် အဆိုပါ ဗုံးကြီးသည် လေယာဉ်မှ ကြဲချလိုက်ခြင်း ဖြစ်ဖွယ်ရှိပြီး တွေ့ရှိချိန်တွင် ပေါက်ကွဲနိုင်သော အနေအထား ရှိနေသေးကြောင်း သိရှိရသည်။

ရန်ကုန် နှင့် မန္တလေးမြို့များသည် ဒုတိယ ကမာ္ဘစစ်အတွင်း ဂျပန် နှင့် အင်္ဂလိပ် စစ်တပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်မြေပြင် ဖြစ်ခဲ့သော နေရာများ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here