အင်တာမီလန် ကစားသမား နှစ်ဦးအား ၀က်စ်ဟမ်း ခေါ်ယူ

alt

၀က်စ်ဟမ်း ယူနိုက်တက် အသင်းသည် အီတလီ ချန်ပီယံ အင်တာမီလန်မှ ကစားသမား (၂) ဦးကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အမန်တီနို မန်စီနီ နှင့် လူးဝစ်ဂျီမီနက်စ် တို့သည် အင်္ဂလန်ကလပ် အတွက် ကိုယ်စားပြု ကစားတော့မည်ဟု အင်တာမီလန် ကလည်း အတည်ပြုသည်။ ဘရာဇီး လက်ရွေးစင် မန်စီနီသည် ရိုးမားတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့သော်လည်း အင်တာသို့ ရောက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်း ပျောက်ဆုံးကာ ရုန်းကန် နေရသူဖြစ်သည်။

လီဗာပူးအသင်း နည်းပြကြီး ရာဖေးလ် ဘင်နီတက်စ် ကလည်း အသက် (၂၈)နှစ် အရွယ် မန်စီနီကို စိတ်ဝင်စားခဲ့သေးသော်လည်း ၀က်စ်ဟမ်း အသင်းမှ အမှုဆောင်အရာရှိ စကော့ဒူဘာရီက အီတလီ အထိသွားကာ မန်စီနီအား ခေါ်ယူနိုင်ရေး ညှိနှိုင်းခဲ့သဖြင့် မန်စီနီသည် လန်ဒန်မြို့ခံ ကလပ်သို့သာ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

၀က်စ်ဟမ်းသည် အသက် (၂၅)နှစ်အရွယ် ချီလီ လက်ရွေးစင် ဂျီမီနက်စ် ကိုလည်း တပါတည်း ခေါ်ယူနိုင်ခဲ့ပြီး မန်စီနီ အတွက် ယူရို (၁၇.၇)သန်း နှင့် ဂျီမီနက်စ် အတွက် ယူရိ ု(၁၁.၈)သန်းမျှ သုံးစွဲခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here