ပါကစ္စတန်တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်ဖြင့် ပစ်ခတ်

alt

မောင်းသူမဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ်များ က ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် လူ (၉) ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

အာဖဂန်နစ္စတန် နယ်စပ်အနီးတွင် တည်ရှိသော ၀ါနာမြို့မှ မသင်္ကာဖွယ် ပစ်မှတ်များကို မောင်းသူမဲ့ လေယာဉ်များက ပစ်ခတ်စဉ် ယခုကဲ့သို့ လူအများအပြား ထိမှန်သေဆုံးခဲ့ခြင်းဟု မျက်မြင် သက်သေများက ဆိုသည်။

ဒေသခံ တာလီဘန် စစ်သွေးကြွ တိုက်ခိုက်ရေး သမားများလည်း သေဆုံးသူ များထဲတွင် ပါ၀င်ခဲ့ကြောင်း သိရှိရပြီး၊ ထိုဒေသသည် တာလီဘန်နှင့် အယ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့အစည်းများ အင်အားကြီးမားစွာ လွှမ်းမိုးထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ပါကစ္စတန် စစ်တပ်က အဆိုပါ ဒေသများသို့ အပြည့်အဝ အာရုံစိုက်ကာ ထိုးစစ်ကြီးတစ်ခု ဆင်နွှဲရန် အသင့်ရှိနေကြောင်း ပြောကြားထားသည်။ ဒေသခံ အုပ်ချုပ်မှုအဖွဲ့က စစ်သွေးကြွ လက်နက်ကိုင်များဟု ယူဆရသူ (၉)ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာထားသည်။

သို့သော်လည်း ပါကစ္စတန် စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မော်လဗီနာဇား က သေဆုံးသူ အားလုံးသည် ဂါနာမြို့တွင် အခြေစိုက်ထားသည့် အကြမ်းဖက်တပ်ဖွဲ့များမှ တာလီဘန် တပ်သားများသာ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here