ဂန်ဘာရီ မြန်မာပြည် ကို ဇွန် ၂၅ တွင် ပြန်လာမည်

alt

ကုလသမဂ္ဂ ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ သည် မြန်မာနိုင်ငံ ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စများ အတွက် ဇွန်လ ၂၅ ရက် ကြာသာပတေးနေ့ တွင် မြန်မာပြည် သို့

ရောက်ရှိ လာမည်ဟု အမည် မဖေါ်လိုသော မြန်မာ စစ်အစိုးရ အရာရှိ တဦးက ပြောဆို ခဲ့ပါတယ်။

လေ့လာသူများ ၏ အဆိုအရ ကုလသမဂ္ဂ ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ ၏ ခရီးစဉ် သည် ဂျူလိုင် လ အတွင်း လရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း ခရီးစဉ် အတွက် လာရောက် ပြင်ဆင် ကြိုတင် ညှိနှိုင်း ဆွေးနွေးမည့် ခရိးစဉ် တခုဟုသာ သုံးသပ် ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း သည် ဂျပန်နိုင်ငံ တိုကျို မြို့သို့ ဇွန်လ ၃၀ ရက် မှ ဂျူလိုင်လ ၂ ရက်နေ့ ထိ သွားရောက်ခါ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး ခေါင်းဆောင်များ နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ မစ္စတာ ဘန်ကီးမွန်း သည် မြန်မာပြည်သို့ သွားရောက်ရန် ဖြစ်နိုင်ချေ ရှိသော်လည်း၊ ဆုံးဖြတ်ချက် မချရသေးကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ အမျိုးသမီး မစ်ရှယ် မွန်းတတ့် ကပြောဆိုခဲ့သည်။ လေ့လာသူများ ပြောဆိုချက် အရ မစ္စတာ ဘန်ကီးမွန်း ၏ ခရီးစဉ် သည် မြန်မာပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ ၏ ကြိုတင် ဆွေးနွေး ပြင်ဆင်မှုများ အပေါ်တွင်သာ မူတည်ပြီး၊ ဆုံးဖြတ်သွားမည် ထင်ကြောင်း လူထုအသံအား ပြောဆိုခဲ့ပါသည်။

ဇွန်လ အစောပိုင်းက ကုလသမဂ္ဂ ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီးမွန်း က သူ့အနေနှင့် မြန်မာပြည် အမြန်ကို သွားရောက် အဆင်သင့် ဖြစ်ကြောင်း ပြောဆိုထားပြီး၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီရေး၊ ဒေါ်အောင်းဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးသည် သူအတွက် အရေးကြီး လုပ်ဆောင်ရမည့် အစီအစဉ် ထဲတွင် ပါဝင်ကြောင်း ပြောဆိုခဲ့သေး၏။

LEAVE A REPLY

Please enter your comment!
Please enter your name here