ဆိုမာလီယာ နိုင်ငံ ကာကွယ်ရေးဝန်ကြီး အသေခံ ဗုံးခွဲမှုကြောင့် သေဆုံး

alt

ဆိုမာလီယာ နိုင်ငံ အနောက်ပိုင်း တွင် ဇွန်လ (၁၈) ရက်နေ့ က အသေခံ ဗုံးခွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ဆိုမာလီ အမျိုးသား ကာကွယ်ရေး ၀န်ကြီး အိုမာဟာရှိ အဒန်း အပါအဝင် လူ (၂၄)ဦး သေဆုံး

သွားခဲ့ရကြောင်း သိရသည်။

ဆိုမာလီယာ နိုင်ငံမြို့တော် မိုဂါဒစ်ရှူးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ရဲချုပ် သေဆုံးခဲ့သလို ယခု အခါတွင်လည်း နောက်ထပ် ထိပ်တန်း အစိုးရအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆိုမာလီ အစိုးရက မိုဂါဒစ်ရှူး မြို့ပြင်တွင် ဖြစ်ပွားခဲ့သော ယခုကိစ္စအတွက် အယ်ကိုင်ဒါ အကြမ်းဖက် သမားများက ဦးဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။ အယ်ကေးဒါး တို့သည် မတ်လ နောက်ပိုင်းတွင် တစ်ကမာ္ဘလုံးရှိ ဒေသ အသီးသီးတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ပိုမိုအားထည့် ကြိုးပမ်းလာနေပြီး ဆိုမာလီယာ နိုင်ငံကိုလည်း ပစ်မှတ် ထားလာကြောင်း အမေရိကန် အစိုးရက ပြောကြားထားသည်။

ယခု လုပ်ရပ်သည် အကြမ်းဖက်မှု သက်သက်သာဖြစ်ပြီး လူအများအပြား အလဟဿ သေကြေ ပျက်စီးစေရန် ကြံရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုမာလီ အစိုးရ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ မိုဂါဒစ်ရှူးတွင် အစိုးရနှင့် အကြမ်းဖက်သမားများ အပြင်းအထန် တိုက်ပွဲများ ဆင်နွှဲနေပြီး စစ်ဘေး ဒုက္ခသည်များ၏ အရေးကိစ္စ အတွက် ကုလသမဂ္ဂ၊ အာရပ်နိုင်ငံများ ယူနီယံနှင့် အာရပ် အဖွဲ့ချုပ်တို့က စိုးရိမ်တကြီး စောင့်ကြည့် နေကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here