အင်ဒဲဗား အာကာသ လွန်းပျံယာဉ် လွှတ်မှုရွှေ့ဆိုင်း လိုက်ရ

alt

အင်ဒဲဗား အာကာသ လွန်းပျံယာဉ် လွှတ်တင်မည့် အစီအစဉ်အား ထပ်မံ ရွှေ့ဆိုင်း လိုက်ရကြောင်း NASA က ထပ်မံ ကြေညာလိုက်သည်။

ဇွန်လ(၁၇)ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ပြီးမှ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဇွန်လ(၁၉)ရက်နေ့သို့ ရွှေ့ဆိုင်းထားရသည့် အင်ဒဲဗား လွှတ်တင်ရေး စီမံကိန်းမှာ ယခုအခါ ဇူလိုင် လဆန်းထိ ဒုတိယ အကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ရပြန်ပြီ ဖြစ်သည်။

ဇွန်လ (၁၇)ရက်နေ့က ဒုံးပျံလွှတ်တင်ရေး တာဝန်ရှိသူများသည် အင်ဒဲဗား၏ လောင်စာ ပိုက်လိုင်းများမှ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့များ စိမ့်ထွက်နေသည်ကို စစ်ဆေး တွေ့ရှိပြီးနောက် တစ်နာရီကျော်ကြာ ပြုပြင်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ယခုလို ရက်ရွှေ့လိုက်ရခြင်း ဖြစ်သည်။

အန်ဒဲဗား လွန်းပျံယာဉ်သည် မတ်လ အတွင်းကလည်း အလားတူ ဟိုက်ဒရိုဂျင် ယိုစိမ့်မှု ဖြစ်ပွားခဲ့သေးသော်လည်း ထိုကိစ္စအတွက် အင်ဂျင်နီယာများက ပြစ်ချက် ရှာမတွေ့ခဲ့ပေ။ NASA မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက လွန်းပျံယာဉ်အား ဘေးအကင်းဆုံး အနေအထားဖြင့်သာ လွှတ်တင်မည် ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။

အင်ဒဲဗား လွှတ်တင်ရေး စီမံကိန်းတွင် အဆင်မချောမှုများ ရှိနေခဲ့ပြီး ပထမအကြိမ် ဒုံးပျံလွှတ်တင်ရန် အစီအစဉ်အတွက် လောင်စာဖြည့်ကန် ပြင်ဆင်ရာတွင်လည်း လျှပ်စစ်မုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေသဖြင့် (၃)နာရီခန့် အချိန် နောက်ကျ ခဲ့သေးကြောင်း NASA က ထုတ်ဖေါ် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here