မြောက်ကိုရီးယား သဘောင်္တစင်း မြန်မာဖက်သို့ ဦးတည်နေ

alt

မြောက် ကိုရီးယား အလံလွှင့်ထူ ထားသော Kang Nam ( ၁ ) သဘောင်္ သည် မြောက် ကိုရီးယား အနောက်ခြမ်း နန်ပို ဆိပ်ကမ်းမှ ထွက်ခွာလာပြီး၊ မြန်မာ နိုင်ငံ

သို့မဟုတ် စင်ကာပူ နိုင်ငံသို့ ဦးတည် ထွက်ခွာ လာနေသည် ဟု တောင်ကိုးရီးယား ထောက်လှမ်းရေး သတင်းများကို အခြေခံလျှက် နိုင်ငံတကာ မီဒီယာများတွင် ပါရှိလာသည်။ မက်ထရစ်တန် ၂ ထောင် လေးသည့် Kang Nam ( ၁ ) သဘောင်္ ၏ နောက်ဆုံး ဆိုက်ကပ်ရာ ဆိပ်ကမ်း ကို မြန်မာ နိုင်ငံဟု ဖေါ်ပြ ပါရှိလျှက်၊ မြန်မာနိုင်ငံ မရောက်ခင် ကြားနိုင်ငံ တခုခုတွင် ဝင်ရောက် ဆီဖြည့် ရပ်နားမည်ဟုလည်း ထငါကြေးပေး ရေးသား နေကြသည်။

Kang Nam ( ၁ ) သဘောင်္ သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ဆုံးဖြတ်ချ အရေးယူမှု အပြီး နောက်ပိုင်း ပထမ ဆုံးသော နိုင်ငံတကာ သို့ ထွက်ခွာ လာသည့် သဘောင်္ ဖြစ်ကာ၊ အဆိုပါ သဘောင်္ပေါ်တွင် ဒုံးလက်နက် သို့မဟုတ် ဒုံးလက်နက် နှင့် သက်ဆိုင် သည့် အစိတ်အပိုင်းများ ပါလာနိုင်မည်ဟု ယူဆ နေကြသည်။

ယခင် က Kang Nam ၁၊ ၂၊ ၃၊ ၄၊ ၅ သဘောင်္များ သည် မြောက်ကိုရီးယား ပြုံယမ်း အစိုးရ အတွက် လက်နက် သယ်ယူပို့ဆောင် ပေးခဲ့ဖူးသည့် ဆိုသော သတင်း အချက်အလက် နှင့် ပတ်သက် ၍ တောင်ကိုးရီးယား ထောက်လှမ်းရေး ဌာနက အတည်ပြုခြင်း မရှိပေ။ အဆိုပါ သဘောင်္သည် တရုပ်နိုင်ငံ ပင်လယ်ကွေ့ သို့မဟုတ် ဆိပ်ကမ်း တခုခုတွင် ဝင်ရောက် ရပ်နား ခဲ့ပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အရရှာဖွေ စစ်ဆေးနိုင်မည် ဟုလည်း သိရသည်။

စင်ကာပူ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး က အထောက်အထား ခိုင်မာခဲ့ပါက အဆိုပါ သဘောင်္ ဆိုက်ကပ်သည်နှင့် သေချာဂရုပြု ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံသည် နိုင်ငံတကာ သဘောင်္များ တထောက် ရပ်နားရာ နာမည်ကြီး နေရာတခု ဖြစ်သည်နှင့် အညီ စင်ကာပူ နိုင်သို့ လာရောက်ခဲ့မည် ဆိုပါက စင်ကာပူ ရေကြောင်း နှင့် ဆိပ်ကမ်း လုံခြုံရေးများ အတွက် တာဝန်ယူ ဆောင်ရွက် တာဝန်မည်ဟု စင်ကာပူ ရေကြောင်း နှင့် ဆိပ်ကမ်း တာဝန်ရှိ သူတဦးက ပြောဆိုလိုက်ကြောင်း သိရှိရသည်။

အဆိုပါ Kang Nam ( ၁ ) သဘောင်္ နောက်သို့ အမေရိကန် ဖျက်သဘောင်္ကြီး USS John McCain က နောက်မှ လိုက်ပါလျှက် ရှိကာ၊ အမေရိကန် စစ်တပ် အနေနှင့် သဘောင်္ပေါ်တွင် ဒုံးလက်နက် သို့မဟုတ် ဒုံးလက်နက် နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းများ ပါလာသည် ဆိုသည်ကို အတည်မပြု ခဲ့သော်လည်း၊ စိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းအရာ တခု ဖြစ်သည်ဟု ပြောဆိုနေခဲ့ကြ ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here