မြန်မာ ဘင်္ဂလားဒေရှ့် ရေအောက် အင်တာနက်ကြိုး ချိတ်ဆက် မည်

alt

မြန်မာနိုင်ငံ ဘက်မှ ရေအောက် အင်တာနက်ကြိုး နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ ဆိုင်ရာ ရေအောက် အင်တာနက်ကြိုး တို့ ချိတ်ဆက် ထားရှိခြင်းဖြင့် တနိုင်ငံတွင် ရေအောက် အင်တာနက်ကြိုး ချွတ်ယွင်းမှု တခု

ဖြစ်ပေါ် လာခဲ့ပါက အိမ်နီးချင်း တခြားနိုင်ငံ ၏ ရေအောက် အင်တာနက်ကြိုး ဆက်သွယ်မှု စနစ် သုံးစွဲခွင့်ကို် မြန်မာ ဘက်မှ အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေရှ့် ရေအောက် အင်တာနက်ကြိုး ကုမ္မဏီ [Bangladesh Submarine Cable Company Ltd (BSCCL)] ၏ ထိပ်တန်း အရာရှိ မိုဟာမက် မန်ဝါ ဟိုစိန် ကပြောဆိုခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အပတ်က တင်သွင်းခဲ့သည့် အထက်ပါ အဆိုပြုချက်ကို ဘင်္ဂလားဒေရှ့် အစိုးရပိုင် ဘင်္ဂလားဒေရှ့် ရေအောက် အင်တာနက်ကြိုး ကုမ္မဏီ [Bangladesh Submarine Cable Company Ltd (BSCCL)] က လေ့လာလျှက် ရှိပြီး၊ ဝန်ကြီးဌာန ၏ သဘောထား ရယူပြီး၊ မကြာခင် ကာလအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဟု မိုဟာမက် မန်ဝါ ဟိုစိန် ကအတည်ပြု ခဲ့သည်။

ဘင်္ဂလားဒေရှ့် နိုင်ငံသည် ၂၀၀၆ ခု မေလ က နိုင်ငံတကာ ရေအောက်ကြိုး စနစ် ချိတ်ဆက်မှုတွင် အမေရိကန် ဒေါ်လာ ၃၅.၂ သန်းခန့် ကုန်ကျခဲ့ပြီး၊ ဒုတိယ ရေအောက်ကြိုး စနစ် ချိတ်ဆက်မှု စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခုလို အဆိုပြု ချက်ကို လက်ခံခဲ့ပါက ဘင်္ဂလားဒေရှ့် နိုင်ငံ နှင့် မြန်မာ နိုင်ငံအတွက် ကုန်ကျစရိတ် များစွာသက်သာ လာနိုင်ကြောင်း၊ လက်ရှိ မြန်မာ နှင့် ဘင်္ဂလားဒေရှ့် တို့ သုံးစွဲနေသည့် ရေအောက် အင်တာနက်ကြိုး စွမ်းအား လဲ တူညီကြကြောင်း၊ သို့အတွက် ပြည်တွင်း သုံးစွဲသူများ အနေဖြင့် မည်သည့် ပြဿနာမှ ဖြစ်လာမည် မဟုတ်ကြောင်း ဘင်္ဂလားဒေရှ့် ရေအောက် အင်တာနက်ကြိုး ကုမ္မဏီ [Bangladesh Submarine Cable Company Ltd (BSCCL)] ၏ အခြား အမည် မဖေါ်လိုသော အရာရှိ တဦးက ပြောဆို ခဲ့ပါသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံသည် မကြာမှီ နှစ်များ အတွင်းက ရေအောက် အင်တာနက် ကြိုးတွင် ချွတ်ယွင်း မှုတစုံတရာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်၊ နိုင်ငံအတွင်း သတင်း အချက်အလက် များနှင့် ဆက်သွယ်ရေး စနစ်များတွင် ပြဿနာ တချို့ ဖြစ်ပွား ခဲ့ဘူးကြောင်း သိရှိရသည်။

မြန်မာသတင်းသမဂ္ဂ မှ စုဆောင်း ရရှိထားသည့် အချက်အလက်များ အရ မြန်မာ နိုင်ငံသည် လက်ရှိတွင်

  • နိုင်ငံတကာ ဆက်ကြောင်း ၄၀၅ Mbps
  • ပြည်တွင်း ဆက်ကြောင်း ပမာဏ ၅၀၅ Mbps
  • မှတ်ပုံတင် သုံးစွဲ နေသည့် လိုင်းအရေအတွက် ၂၅၂၃၈ နှင့်
  • သုံးစွဲနေသူပေါင်း ၁၂၆၁၉၀ ဦး ဖြစ်ကြောင်း
  • နှင့် မကြာမှီ ကာလတွင်

  • နိုင်ငံတကာဆက်ကြောင်း ၈၀၀ Mbps
  • ပြည်တွင်းဆက်ကြောင်း ပမာဏ ၃.၂၂ Gbps
  • မှတ်ပုံတင် သုံးစွဲမည့် လိုင်းအရေအတွက် ၅၀၀၀၀ နှင့်
  • သုံးစွဲမည့်သူပေါင်း ၂၅၀၀၀၀ ဦး

ထိ ရှိလာလိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။ မကြာသေးမှီ လ ပိုင်း အတွင်းကလည်း ထိုင်း နိုင်ငံ နှင့် မြန်မာနိုင်ငံ ကြားရှိ မြေအောက် အင်တာနက်ကြိုး ချိတ်ဆက်မှု ပြီးစီးခဲ့ကြောင်း မြဝတီမြို့  ဆက်သွယ်ရေး ဝန်ကြီးဌာန မှ အင်ဂျင်နီတဦး က အတည်ပြု ပြောဆိုခဲ့ပါသည်။

ကမာ္ဘ့နိုင်ငံများ ၏ ရေအောက် အင်တာနက်ကြိုး တို့ ချိတ်ဆက် ထားရှိမှုပြ ၂၀၀၉ ခုနှစ် အတွက် မြေပုံကို ပုံကြီး ကြည့်ရှု လိုပါက ဤနေရာ တွင် ကြည့်ရှု နိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here