အီရန် ဆန္ဒပြပွဲ ဆက်လက်ဆိုးဝါးစွာ ပြုလုပ်လာကြ

alt

အီရန် အစိုးရ၏ လက်ပါးစေ တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဆန္ဒပြသူများ အတွက် ကြေကွဲ ၀မ်းနည်းစွာ ချီတက်လာသည့် ဆန္ဒပြသူများ သည် တဟီရန် မြို့လယ်သို့ စုရုံးပြီး အာဏာရှင်စနစ် ကျဆုံးစေရေး

ကြွေးကြော် ဆန္ဒပြ နေကြောင်း ဒေသခံ သတင်း မီဒီယာများက ဇွန်လ (၁၉) ရက်နေ့က ဖော်ပြခဲ့ကြသည်။

မြို့လယ် အထိမ်းအမှတ် ရင်ပြင်သို့ စည်းစနစ်ကျနစွာ စုရုံးလာသည့် မာဟူစိန် မူဆက်ဗီး ထောက်ခံရေး အင်အားစုများသည် လူဦးရေ (၂၅၀၀၀၀)မှ (၄၀၀၀၀၀) အထိ ရှိနေကြောင်း မျက်မြင်များက ခန့်မှန်းခဲ့ကြသည်။ အီရန် သမတ မိုဟာမက် အာမက် ဒီနီဂျက် အနေနှင့် အလွန်အင်အား တောင့်တင်းသော ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကြီးမားသော အခက်အခဲကြီးနှင့် ရင်ဆိုင် နေရဆဲဖြစ်သည်။

ဆန္ဒပြသူများသည် လက်ပတ်စိမ်းများ ၀တ်ဆင်လာပြီး ကွယ်လွန်ခဲ့သူများ၏ ဓာတ်ပုံများကို ရင်ပြင်ပေါ်တွင် လာရောက်ထားရှိကာ ပန်းစည်း များကိုလည်း လာချသွားကြကြောင်း မျက်မြင်များက ဆိုသည်။ ဇွန်လ (၁၈)ရက်နေ့ ညပိုင်း ကလည်း ဆန္ဒပြသူ အမြောက်အများသည် ဖယောင်းတိုင် များကိုကိုင်ကာ တဟီရန် မြို့တွင်းတွင် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

အီရန်နိုင်ငံ၏ ရွေးကောက်ပွဲ ကြီးကြပ်ရေး တာဝန်ရှိသူများက တနေ့တခြား ကြီးမား ပြင်းထန်လာသော ဆန္ဒပြမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း ယခုတိုင် တိကျသည့် မူဝါဒမျိုး မချမှတ်နိုင်သေးဘဲ (၁၉၇၉)ခုနှစ်က ဖြစ်ပွားခဲ့သော အီရန် မွတ်ဆလင် တော်လှန်ရေး ကြီးနောက်ပိုင်း အကြီးမားဆုံး လူထု အုံကြွမှုကြီး မှာ အရှိန်ကောင်းသည်ထက် ကောင်းလာ နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here