ကလေးငယ်များ အပူချိန် လွန်ခြင်း အတွက် ကာကွယ်ရေး အင်္ကျီ

alt

(၆) နှစ်ကြာ အချိန်ယူ ကြိုးစား တီထွင်ပြီးနောက် ကလေးငယ်များ အလွန်အကျွံ ကိုယ်အပူ တက်ခြင်းကို ကာကွယ်နိုင်မည့် စွမ်းဆောင်မှု ကို ခရစ်အီဘာဂျာ က အကောင်အထည်

ဖော်လိုက် နိုင်ပြီဖြစ်သည်။

Babyglow ဟု အမည် ပေးထားသည့် ကလေးဝတ် အင်္ကျီလေးများကို ယခု အခါတွင် ကမာ္ဘတဝှမ်းမှ ပေါင်(၁၂.၅) သန်းဖိုးမျှ ၀ယ်ယူလိုသော အမှာစာများ ရောက်ရှိလာပြီ ဖြစ်ကြောင်း အီဘာဂျာက ဆိုသည်။ (၁၇)နှစ် အရွယ် သားတစ်ဦး၏ ဖခင်လည်းဖြစ်သည့် အီဘာဂျာ တီထွင်လိုက်သော Babyglow အင်္ကျီမှာ အလိုအလျောက် အရောင် ပြောင်းလဲစေတတ်ပြီး ကလေးငယ်၏ ကိုယ်အပူချိန်အလိုက် အရောင်ပြောင်းသွားကြောင်း သိရသည်။

ထို့ကြောင့် စကား မပြောတတ်သေးသည့် ကလေးငယ်များ၏ မိဘများသည် ၎င်းတို့၏ ရင်သွေးငယ် နေမကောင်းဖြစ်သည်နှင့် ချက်ချင်းသိရှိပြီး ကုသမှု ခံယူနိုင်မည် ဖြစ်သည်။ ထို အင်္ကျီလေးများသည် မိခင်နှင့် ရင်သွေးအတွက် ကျန်းမာရေးဆိုင်ရာ အကောင်းဆုံး အချက်ပြ ဆက်သွယ်မှုတစ်ခု ဖြစ်လာမည်ဟု အီဘာဂျာက ညွှန်းဆိုခဲ့သည်။

အလွန်အကျွံ ကိုယ်ပူ တက်လာခြင်းသည် နုနယ်သော ကလေးငယ်တစ်ဦး၏ ဦးနှောက် လုပ်ငန်းများကို ရပ်ဆိုင်း သွားစေတတ်ပြီး အသက်ဆုံးရှုံးသည် အထိ ဖြစ်စေနိုင်ကြောင်း ဆရာဝန်များက ဆိုသည်။ မီဘာဂျာသည် ထိုအင်္ကျီလေးများကို တီထွင်နိုင်ရန် ပေါင်(၇၀၀၀၀၀)ဖိုး အထိ ငွေကုန်ကြေးကျခံကာ (၆) နှစ်လုံးလုံး သုတေသနပြု စမ်းသပ်ခဲ့သည်။

ကလေးငယ်များ အတွက် ချုပ်လုပ်ထားသည့် အင်္ကျီတွင် အာရုံခံ ရောင်ခြယ် ပစ္စည်းလေးများ ထည့်သွင်းထားကာ ကလေးငယ် ကိုယ်အပူ တက်လာသည်နှင့် အဖြူရောင်သို့ ပြောင်းသွားအောင် အီဘာဂျာက တီထွင်နိုင်ခဲ့သည်။ အင်္ကျီလေးများကို ပန်းရောင်၊ အပြာရောင်နှင့် အစိမ်းရောင်အဖြစ် (၃)မျိုးခွဲခြား ထုတ်လုပ်ထားပြီး ကလေးငယ်၏ ကိုယ်အပူချိန် (၃၇)ဒီဂရီ စင်တီဂရိတ်ထက် တက်လာသည်နှင့် အဖြူရောင်သို့ ချက်ချင်း ပြောင်းလဲသွားကြောင်း အီဘာဂျာက ဆိုသည်။

ကျန်းမာရေး အထောက်အကူပြု အဆိုပါ အင်္ကျီလေးများအား တစ်စုံလျှင် ပေါင်စတာလင် (၂၀)နှုန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here